အမေရိကန်သံတမန်နှစ်ဦးကို နှင်ထုတ်ခဲ့ပြီးနောက် ပြင်သစ်သံအမတ်ကြီးကို ဆင့်ခေါ်ကာ ရုရှားအစိုးရ သတိပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၉
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်သံတမန်နှစ်ဦးကို နှင်ထုတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ စက်တင်ဘာ ၁၈ ရက်က ရုရှားနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးအတွင်း ပြင်သစ် သမ္မတ မက်ခရွန်ရဲ့သတင်းစာရှင်းလင်းပွဲမှာ ရုရှားသတင်းထောက်တွေကို ပြုမှုဆက်ဆံခဲ့ပုံနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးခဲ့တာဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ မကြာသေးမီကလည်း ရုရှားနိုင်ငံတစ်ဦးကို သူလျိုမွေးဖို့ ကြိုးပမ်းခဲ့တဲ့ အမေရိကန်သံတမန် နှစ်ဦးကို နိုင်ငံအတွင်းက နှင်ထုတ်ခဲ့ဖူးကြောင်း သိရပါတယ်။ ရုရှား RIA Novosti သတင်းထောက် နဲ့ တာဝန်ခံ အယ်ဒီတာတို့ဟာ ပြင်သစ်သမ္မတရဲ့သတင်းစာရှင်းလင်းပွဲတက်ရောက်ခွင့်ပေးဖို့ ငြင်းဆန်ခံရပြီး အဲဒီလိုမျိုး ငြင်းဆန်ခြင်းဟာ ဆိုးရွားလွန်းတဲ့အပြုအမူဖြစ်ကြောင်း၊ ပြင်သစ်အာဏာပိုင်တွေရဲ့လုပ်ရပ်တွေက ရုရှားမုန်းတီး ဆန့်ကျင်ရေးလုပ်ရပ်များဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ ပြင်သစ်သံတမန်ကြီးကို ခေါ်ယူတွေ့ဆုံချိန်အတွင်း မီဒီယာသမားတွေကို ဖိအားပေးခြင်းများ ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန မာရီယာ ဇာခါရိုဗာက ပြင်သစ်အာဏာပိုင်တွေရဲ့လုပ်ရပ်က နာဇီ ဆန်တဲ့လုပ်ရပ်မျိုးဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်အစိုးရအနေနဲ့ ရုရှားမီဒီယာများကို ဖိအားပေးမှုများ၊ ခွဲခြားဆက်ဆံမှုများ ဆက်လက်လုပ်နေမယ်ဆိုရင် ရုရှားအစိုးရအနေနဲ့လည်း ပြင်သစ်မီဒီယာများကို အဲဒီအတိုင်း ပြန်လည်တုံ့ပြန် ဆက်ဆံမှာဖြစ်ကြောင်း ထပ်မံပြောဆိုထားပါတယ်။
ပြင်သစ်သမ္မတမက်ခရွန်ဟာ ရုရှားနဲ့ ယူကရိန်းစစ်ပွဲမစတင်ခင်က ရုရှားမီဒီယာများနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ ဆက်ဆံရေးအေးစက်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ဒုဝန်ကြီးချုပ် နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ နေပြည်တော်၌တွေ့ဆုံ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ