ပြင်ဦးလွင်မြို့တွင် တွဲကားနှင့်ဆိုင်ကယ်တို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၁၇
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် တွဲကားနှင့်ဆိုင်ကယ်တို့ တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုသည် ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်)၊ ညနေ ၆နာရီဝန်းကျင်အ ချိန်တွင် ပြင်ဦးလွင်မြို့၊ ရကက(၁၁)ရပ်ကွက်၊ ရေငယ်စစ်ဆေးရေးဂိတ်ဟောင်းအနီး၊ မန္တလေး-လားရှိုးလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သန္တိသုခလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှ အမျိုးသား(၂)ဦးအနက် ဆိုင်ကယ်မောင်းနှင်သူအမျိုး သားသည် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး တစ်ဦးသည် စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရှိသူအမျိုးသား(၂)ဦးသည် အသက်(၂၀)ကျော်ဝန်းကျင်များဖြစ်ပြီး ၎င်းတို့အား ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရေးပြဿနာများနဲ့ပတ်သက်ပြီး ထားရှိမယ့်သဘောထားမူဝါဒများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ် ထုတ်ဖော်ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း