မြန်မာနိုင်ငံရေးပြဿနာများနဲ့ပတ်သက်ပြီး ထားရှိမယ့်သဘောထားမူဝါဒများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ် ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၇
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရေးပြဿနာတွေက ပြည်တွင်းရေးကိစ္စဖြစ်ပြီး မြန်မာနိုင်ငံရဲ့လုပ်ငန်းစဉ်များနဲ့ အာဆီယံမူဘောင်များအတိုင်း ဖြေရှင်းသင့်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ထိုင်းအစိုးရအဖွဲ့အသစ် တာဝန်ယူပြီးနောက် ရက်ပိုင်းအကြာမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သလို ဒုတိယ ဝန်ကြီးချုပ်တစ်ဦးဖြစ်တဲ့ Panpree Phathithanukorn ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံခြားရေးမူဝါဒ တွေကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခများနဲ့အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ရည်ရွယ် လုပ်ဆောင်ထားတဲ့ အာဆီယံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ရေးကို ဆက်လက်ထိန်းသိမ်းသွား မှာဖြစ်ပြီး အာဆီယံရဲ့အခန်းကဏ္ဍကို ကျော်လွန်လုပ်ဆောင်မှာ မဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းအစိုးအဖွဲ့အသစ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိအောင် ကူညီပေးနိုင်ဖို့ အာဆီယံအဖွဲ့ နဲ့ စေ့စပ် ဆွေးနွေးမှုများ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ထိုင်း နဲ့ မြန်မာနိုင်ငံကြား မူးယစ်ဆေးဝါးကိစ္စများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်နေတဲ့ကိစ္စတွေ အပါအဝင် နှစ်နိုင်ငံစလုံးအပေါ် သက်ရောက်နေတဲ့ကိစ္စရပ်များနဲ့ပတ်သက်ပြီး နစက နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင်တွေ့ဆုံဆွေးနွေးမှုများ နှစ်ခုစလုံး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောထားပါတယ်။
မြန်မာအရေးနဲ့ပတ်သက်ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ရှိ/မရှိ ဆိုတဲ့ကိစ္စများအတွက် အာဆီယံဥက္ကဋ္ဌနဲ့ တိုင်ပင်သွားမှာဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်နဲ့အတူ စက်တင်ဘာ ၁၈ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမယ့် ကုလသမဂ္ဂညီလာခံကိုတက်ရောက်ဖို့ အမေရိကန်နိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့အသစ်ဟာ စက်တင်ဘာလ အစောပိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် အစိုးရအဖွဲ့လုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ရာ နိုင်ငံခြားရေးဝန်ကြီးအသစ်ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ(၄၇၀)ကျော်ရှိရာ ယာယီပိတ်သိမ်း ထားသည့် အေဂျင်စီ(၁၀)ခုရှိနေဟုဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ