ရန်ကုန်မြို့ရှိ မီးပွိုင့်တစ်ခုတွင် ကား(၃)စီးဆင့်တိုက်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - စက်တင်ဘာ ၁၆
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အသင်းတိုက်မီးပွိုင့်တွင် ကားသုံးစီးဆင့်တိုက်မှုကြောင့် Taxi ပေါ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် ယမန်( စက်တင်ဘာလ ၁၅ရက်)၊ ည ၁၂နာရီ ၁၃မိနစ်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက်မီးပွိုင့်တွင် ဖြစ်ပွားခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
“တိုက်တဲ့ကားတွေက Taxi(၂)စီး၊ အိမ်စီးကားတစ်စီးပါ။ မီးပွိုင့်အဖြတ်မှာတိုက်တာပါ။ လေးထောင်ကန်လမ်းမကြီးကဖြတ်တဲ့ ကားနဲ့တစ်ဖက်လမ်းကလာတဲ့ ကားနဲ့တိုက်တာပါ။ အဲဒီကနေမှတစ်ဆင့် နောက်ကလိုက်လာတဲ့ကားကိုထပ်ချိတ်မိတာပေါ့”ဟု Medical လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် Taxi ယာဉ်မောင်းဖြစ်သူ အသက်(၅၄)နှစ်အရွယ် ဦးဌေးလင်းသည် နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အသက်(၂၀)ဝန်းကျင် အမျိုးသမီးတစ်ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပထမစတိုက်တဲ့ Taxi သမားကတော့ ပွဲချင်းပြီးဆုံးတယ်ဗျ။ သူကဝင်တိုက်ပြီးတော့ သူပဲဆုံးတာပါ။ ဒဏ်ရာရတဲ့အမျိုးသမီး တစ်ယောက်တော့ရှိပါတယ်။ ပွန်းပဲ့လောက်ပါပဲ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား Medical လူငယ်များလူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KIA၊ PDF တို့က လုပ်ကိုင်ခွင့်ပြုထားသော တရားမဝင်သတ္တုတူးဖော်မှု နှင့် ရွှေကျင်နေမှုများကို ရှင်းလင်းသွားမည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း