KIA၊ PDF တို့က လုပ်ကိုင်ခွင့်ပြုထားသော တရားမဝင်သတ္တုတူးဖော်မှု နှင့် ရွှေကျင်နေမှုများကို ရှင်းလင်းသွားမည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ဆို
ယွန်း (NSS) - စက်တင်ဘာ ၁၆
ကချင်ပြည်နယ်အတွင်းရှိ တရားမဝင်သတ္တုတူးဖော်မှု နှင့် ရွှေကျင်မှုများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။
ကချင်ပြည်နယ်၊ ဗန်းနော်မြို့နယ်နှင့် ရွှေကူမြို့နယ်တို့တွင် မြစ်အတွင်း တရားမဝင်ရွှေကျင်မှုများရှိနေကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါလုပ်ငန်းများဆောင်ရွက်နေသည့် စက်လှေ၊ စက်များ၊ ဖောင်များကို ဖမ်းဆီးခြင်း၊ ဖျက်ဆီးခြင်းဖြင့် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း အစိုးရအဖွဲ့မှ အသိပေးထားသည်။
ထိုသို့ဆောင်ရွက်ခဲ့သော်လည်း ဒေသတွင်းရှိ KIA၊ PDF များက ဆက်ကြေးကောက်ယူ၍ လုပ်ငန်းလုပ်ကိုင်ခွင့်များကို ခွင့်ပြုထားခြင်းများရှိနေကြောင်း သိရသည်။
အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးစေသော မည်သည့် သတ္တုတူးဖော်မှု၊ ရွှေကျင်မှုကိုမှ တရားမဝင်ခွင့်ပြုခြင်း၊ ငွေကြေးကောက်ခံခြင်းမရှိကြောင်း သိရသည်။
ထို့ကြောင့် အထက်ပါဖြစ်စဥ်များကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း၍ ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ အသိပေးထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ဇွန်လအတွင်း ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း သယံဇာတများကို တရားမဝင်တူးဖော်သည့် ဘက်ဟိုးယန္တရား ၅၇ စီး၊ ခန့်မှန်းတန်ဖိုးကျပ် (၄ ဒသမ ၅၃၁) ဘီလျံ ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံအတွင်း သယံဇာတများကို တရားမဝင်ထုတ် လုပ်မှုများ ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော မြန်မာ့နိုင်ငံရေးသတင်းများ နှင့် နိုင်ငံတကာက သတင်းများ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း