Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ တပ်မတော်၏ ရေတလျောက်စခန်းကို KNLA ပူးပေါင်းအဖွဲ့ တိုက် ခိုက်သိမ်းပိုက်

မြူနစ် (NSS) - စက်တင်ဘာ ၁၆

မြန်မာ-ထိုင်းနယ်စပ်ရှိ တပ်မတော်၏ ရေတလျောက်စခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက် ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ထား သည်။


ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ယမန်နေ့(စက်တင်ဘာလ ၁၅ ရက်)တွင် အထက် ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ တပ်မတော်၏ ရေတလျောက်စခန်းကို စက်တင်ဘာလ ၁၄ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် KNLA ၏ တပ်ရင်း (၁၈)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု KNU က အသိ ပေးထားသည်။

ထိုသို့ စတင်ဝင်ရောက်တိုက်ခိုက်မှုနှင့်အတူ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်တွင် ရေတလျောက်စခန်းတစ်လုံးအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်အကြား၌ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။ ၎င်း ရေတလျောက်စခန်းသည် မဆုတ်တမ်းစခန်းကုန်းတစ်ခုဖြစ်ကြောင်းသိရပြီး လုံခြုံရေးအဖွဲ့ဝင်အင်အားမှာ ထိုက်သင့်သလောက်ရှိကြောင်း တပ်မတော်အရာရှိများနှင့်နီးစပ်သူတစ်ဦးက NSS ကို မှတ်ချက်ပြုထားသည်။

“KNU နဲ့ တိုက်ရတာ မဟုတ်ဘူး။ အမေရိကန်နဲ့တိုက်ရသလိုဖြစ်နေတာ။ ဟိုဖက်က နည်းပညာတွေ မြင့်တယ်။ စနိုက်ပါ(၅)လက်လောက်ကို ဖုန်းတစ်လုံးနဲ့ ထိန်းပြီးပစ်တာတို့၊ သူတို့ဆီမှာ မှန်ပြောင်းတို့က အကောင်းစားတွေလေ။ ဟိုဖက်က အကောင်းစားတွေနဲ့ ဆော်နေတာ။ ဒီဘက်မှာက နည်းပညာမြင့်တဲ့ပစ္စည်းက မရှိတာမဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ ဆော်နေရတာဖြစ်တဲ့အခါကြတော့ စိတ်ဓာတ်တွေ ကျတာပေါ့” ဟု ၎င်းက ဆက်လက်သုံးသပ်ထားသည်။

လက်ရှိအချိန်တွင် ရေတလျောက်စခန်းဖြစ်စဉ်နှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ စစ်ရေးဗျူဟာအရ အရေးပါသော လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို KNLA ပူးပေါင်းအဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့ရှိ မီးပွိုင့်တစ်ခုတွင် ကား(၃)စီးဆင့်တိုက်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံး

RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved