ပန်းဆိုးတန်းဆိပ်ကမ်းတွင် အမျိုးသမီးတစ်ဦး မြစ်ထဲခုန်ချ သေဆုံးမှုဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၁၆
ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းဆိပ်ကမ်းတွင် စိတ်ဝေဒနာရှင် ပိုင်ရှင်မဲ့အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၅ရက်)၊ မွန်းလွဲ ၂နာရီအချိန်တွင် ပန်းဆိုးတန်းသင်္ဘောဆိပ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးလို့တော့သိရတယ်။ သူကမနက်ပိုင်းကတော့ အဲဒီနားမှာလမ်းလျှောက်နေသေးတယ်လို့ တွေ့တဲ့လူတွေကပြောကြတယ်။ ပြီးတော့ ၁၂ နာရီလောက်မှာခုန်ချလိုက်တာပေါ့နော်”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသမီးသည် အသက်(၄၀)နှစ်ဝန်းကျင်အရွယ် စိတ်ဝေနာရှင်ဖြစ်ပြီး အိမ်ခြေရာမဲ့တစ်ဦးဖြစ်ကြောင်း သိရသည်။
ထိုနောက်ရေနစ်သေဆုံးသူအမျိုးသမီးအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ယခုလအတွင်း ရန်ကုန်မြို့ရှိ ဗိုလ်တစ်ထောင်ဆိပ်ကမ်း နှင့် ပန်းဆိုးတန်းဆိပ်ကမ်းတို့တွင်ရေနစ်သေဆုံးသူ (၃၀)ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်ကာကွယ်ရေး၀န်ကြီးရာထူးမှ ဖယ်ရှားခံရပြီး စုံစမ်းစစ်ဆေးခံနေရကြောင်း အနောက်မီဒီယာတို့ ဖော်ပြ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း