Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်ကာကွယ်ရေး၀န်ကြီးရာထူးမှ ဖယ်ရှားခံရပြီး စုံစမ်းစစ်ဆေးခံနေရကြောင်း အနောက်မီဒီယာတို့ ဖော်ပြ

Htay Oung (NSS) - စက်တင်ဘာ ၁၆

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူရဲ့ ရက်သတ္တပတ်များစွာကြာ လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းဟာ သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်)မှာ ရှင်းမပြနိုင်အောင် နက်ရှိုင်းလာခဲ့ပါတယ်။ စုံစမ်းစစ်ဆေးခံနေရတယ်လို့  အနောက်နိုင်ငံ သတင်းစာအတော်များများတို့က ရေးသားနေကြပြီး အမေရိကန် ထိပ်တန်းသံတမန်တစ်ဦးကတော့ နေအိမ်အကျယ်ချုပ် ကျခံနေရကြောင်း မှတ်ချက်ပေးတယ်လို့ Reuters က စက်တင်ဘာလ ၁၅ ရက်မှာဖော်ပြပါတယ်။


အသက် ၆၅ နှစ်အရွယ် လီရှန်ဖူဟာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဗီယက်နမ်-စင်္ကာပူကာကွယ်ရေးခေါင်းဆောင်များနဲ့ တွေ့ဆုံမှုများမှာ တက်ရောက်နိုင်ခြင်း မရှိကြောင်း သတင်းရင်းမြစ်များ အဆိုအရ သိရှိရပါတယ်။ သြဂုတ်လ ၂၉ ရက်၊ ပေကျင်းမြို့ အာဖရိကနိုင်ငံများနဲ့ လုံခြုံရေးဖိုရမ်မှာ မိန့်ခွန်းပြောကြားခြင်းဟာ သူ့ကို နောက်ဆုံးတွေ့မြင့်ကြရခြင်းဖြစ်ပါတယ်။

လီရှန်ဖူဟာ အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေးခံနေရပြီး ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိကြောင်း အမေရိကန်အရာရှိများကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။ ရာထူးမှ ဖယ်ရှားခံရကြောင်း ဝေါလ်စထရိဂျာနယ်က ရေးသားခဲ့ပြီး စောစောပိုင်း Financial Times ကတော့ လီရှန်ဖူဟာ စုံစမ်းစစ်ဆေးခံနေရတယ်လို့ အမေရိကန်အစိုးရက ယုံကြည်ကြောင်း ပြောပါတယ်။

ယခု ရက်သတ္တပတ် (၃)ပတ်အတွင်း တရုတ် ပထမ- ကာကွယ်ရေးဝန်ကြီး လီရှန်ဖူကို မတွေ့-မကြားရတော့ပဲ ဗီယက်နမ်ကာကွယ်ရေးခေါင်းဆောင်ခရီးစဉ်မှာ လက်ခံတွေ့ဆုံခဲ့ခြင်း မရှိကြောင်း၊ နေအိမ်အကျယ်ချုပ်ချထားခြင်းကြောင့် စင်္ကာပူရေတပ်ဦးစီးချုပ်နဲ့လည်း စီစဉ်ထားတဲ့အတိုင်း တွေ့ဆုံနိုင်ခြင်း မရှိကြောင်း ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ယန်းအီမန်နျူရယ်က ယခင် Twitter ခေါ် ယခု X လူမှုကွန်ရက်ပလက်ဖောင်း သူ့ရဲ့ စာမျက်နှာမှာ ရေးသားပါတယ်။

မှတ်ချက်ပေးရန် မေတ္တာရပ်ခံခြင်းများကို တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ တိုကျိုရှိ အမေရိကန်သံရုံးတို့က လောလောဆယ် တုံ့ပြန်ခြင်း မရှိသေးပါဘူး။

လီရှန်ဖူကို စုံစမ်းစစ်ဆေးနေခြင်း ရှိ-မရှိ သတင်းထောက်က မေးမြန်းရာမှာ အဲဒီသတင်းနဲ့ ပတ်သက်ပြီး သူမကြားမိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ဖြေဆိုပါတယ်။

လူမြင်ကွင်းမှ အတော်ကြာ ပျောက်ကွယ်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ကျင်ဂန်းရဲ့ နေရာကို ဇူလိုင်လမှာ  အစားထိုးခဲ့စဉ် တရုတ်နိုင်ငံက တစ်စုံတစ်ရာ ရှင်းပြခြင်း မရှိခဲ့ပါဘူး။ မကြာသေးမီလများအတွင်း တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အထူးတိုက် ခိုက်ရေး ရော့ကက်တပ်မဟာကို ဦးဆောင်ခဲ့ဖူးသူ လီရှန်ဖူကလည်း ယခုတဖန် ပျောက်ကွယ်နေခြင်းဟာ အတော်လေး စိတ်၀င်စားစရာ ဖြစ်နေခဲ့ပါတယ်။ 

ကျင်ကန်းနည်းတူ လီရှန်ဖူဟာ တရုတ်နိုင်ငံတော် ကောင်စီဝင် ငါးဦးအနက်မှ တစ်ဦးဖြစ်ပြီး အစိုးရအဖွဲ့အတွင်း သူရဲ့ ရာထူးဟာ ပုံမှန်ဝန်ကြီးတစ်ဦးထက် ပိုမို မြင့်မားတယ်လို့ သိမှတ်ထားကြပါတယ်။

 တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးနေချိန်မှာ ပြိုင်ဘက်စူပါပါဝါ အမေရိကန်နဲ့ ပေကျင်းတို့ အကြား ဆက်ဆံရေးမှာလည်း ပြဿနာများစွာနဲ့ ဆွံ့အနေခိုက် တရုတ်ခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုကင်းမဲ့နေတဲ့ ယခုဖြစ်ရပ်များဟာ လေ့လာသုံးသပ်သူများနဲ့ သံတမန်များအတွက် မေးခွန်းထုတ်စရာများ ဖြစ်ပေါ်လာခဲ့ရပါတယ်။

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ ထိပ်တန်းလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဖော်ဖော်ရွေရွေနေလေ့ရှ်ိတဲ့ သံတမန်တစ်ဦးဖြစ်သူ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အီမန်နျူရယ်ရဲ့ မကြာသေးမီ ရက်သတ္တပတ်များအတွင်း တရုတ်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုမှုများဟာ သတင်းမီဒီယာလောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါတယ်။

လီရှန်ဖူ လူမြင်ကွင်းမှ ပျောက်ကွယ်နေကြောင်း လွန်ခဲ့တဲ့ သောကြာနေ့မှာ သံအမတ်ကြီး အီမန်နျူရယ်က ပို့စ်ရေးသားခဲ့ပြီး သူဘယ်မှာရောက်ရှိနေကြောင်း ထင်ကြေးပေးလှုံ့ဆော်မှုများပြုလုပ်ခဲ့ပါတယ်။ တရုတ်ကာကွယ်ရေး၀န်ကြီးကိစ္စမှာ (မဆီမဆိုင်) အမေရိကန်သံအမတ်က ဘာကြောင့် စိုးရိမ်ပူပန်နေရသလဲဆိုတဲ့ မေးခွန်းကိုတော့ အီမန်နျူရယ်ဟာ သူ့ရဲ့ သက်တမ်းတလျှောက်လုံး ခုလိုပဲ အကြောင်းအရာမျိုးစုံကို စိတ်၀င်တစား ပြောဆိုလေ့ ရှိသူဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး_မေလာက ပြန် လည်ဖြေဆိုပါတယ်။

စင်္ကာပူရေတပ်မတော်မှ  ဗိုလ်ချုပ်ကြီး ရှောင်၀ပ်ဟာ စက်တင်ဘာလ ၄ ရက် မှ ၉ ရက်အထိ တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားရောက်ခဲ့ကြောင်း၊ တရုတ်ရေတပ်မတော်မှ ထိပ်တန်းခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ရတယ်လို့ စင်္ကာပူ ကာကွယ်ရေး၀န်ကြီးက သတင်းထုတ်ပြန်ကြောင်း အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်မှာ စင်္ကာပူရေတပ်ဗိုလ်ချုပ်ကြီးဟာ တရုတ်ကာကွယ်ရေး၀န်ကြီး လီရှန်ဖူနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ပျက်ပြားသွားခဲ့တယ်လို့ သတင်းရင်းမြစ် နှစ်ဦးထံမှ သိရှိရပါတယ်။

စက်တင်ဘာလ ၇ ရက်မှ ၈ ရက်အထိ ပြုလုပ်ဖို့စီစဉ်ခဲ့တဲ့ ဗီယက်နမ် ကာကွယ်ရေး ခေါင်း ဆောင်များနဲ့ တွေ့ဆုံမှုမှာလည်း လီရှန်ဖူက  ရုတ်တရက် ပျက်ကွက်ခဲ့ပါတယ်။ 

မတ်လမှာ ကာကွယ်ရေး၀န်ကြီး ရာထူးခန့်အပ်ခြင်း မတိုင်မီ လီရှန်ဖူဟာ စစ်တပ်ဝယ်ယူရေးယူနစ်မှာ အကြီးအကဲအဖြစ် ဦးဆောင်ခဲ့ပါတယ်။ အဲဒီဌာနရဲ့ လေလံဆွဲခြင်းလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းရန် (တရုတ်ကွန်မြူနစ်ပါတီက) ဆောင်ရွက်နေကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မမှန်မကန်မှုနဲ့ ပတ်သက်ပြီး အများ ပြည်သူတို့အနေနဲ့ သတင်းပေးတင်ပြရန်  ကြုံတောင့် ကြုံခဲ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဖြစ်ရပ် နဲ့ အခြေအနေများကိုတော့ မသိရှိရပါဘူး။

ရုရှားရဲ့ အကြီးဆုံးလက်နက်တင်ပို့သူ “ရိုဆိုဘိုရွန်_အ်ိတ်စ်ပို့” ထံမှ လက်နက်များဝယ်ယူခြင်းအတွက် ၂၀၁၈ ခုနှစ်မှာ လီရှန်ဖူအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ဖူးပါတယ်။ အဲ့ဒီ ဒဏ်ခတ်အရေးယူမှုများကို လျှော့ချပေးခြင်း မရှိသည့်တိုင် လူမြင်ကွင်းမှ လီရှန်ဖူ ပျောက်ကွယ်နေခြင်းကို အမေရိကန်က အထူးအနီး ကပ်စောင့်ကြည့်လျက်ရှိနေပါတယ်။

( Reuters.,15 September 2023,” China defence minister under investigation, being removed from post - western media” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ် အပါအဝင် အာဆီယံနိုင်ငံများနှင့် နည်းပညာ၊ သက်မွေးပညာကဏ္ဍဖွံ့ဖြိုးရေးအတွက် အကျိုးတူပူးပေါင်းမှုကိုမြှင့်တင်ရန် မြန်မာနိုင်ငံ ဆန္ဒရှိနေ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved