စစ်တွေမြို့ရှိ ရေမြောင်းတစ်ခုအတွင်း ရက်အတန်ကြာသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
သန့်ဇင်(NSS) - စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရေမြောင်းအတွင်း၌ ရက်အတန်ကြာသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအမျိုးသားအလောင်းကို ယနေ့(စက်တင်ဘာလ ၁၄ ရက်)၊ နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဓညဝတီရပ်ကွက်ရှိ ရေမြောင်းအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိသားကစုက ပျောက်နေတာ(၅)ရက်လောက်ရှိပြီလို့တော့ပြောတယ်။ ပြန်တွေ့တော့ ရေမြောင်းထဲမှာတွေ့ရတာပေါ့နော်။ ရေစီးနဲ့မျောပါသွားပြီး ဆုံးသွားတယ်လို့တော့ ယူဆရတယ်”ဟု ရွှေရောင်မေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် ဓညဝတီရပ်တွင်နေထိုင်သူဖြစ်ပြီး အသက်(၃၃)နှစ်အရွယ် မောင်တင်ဝေဖြစ်ကာ ၎င်းအားရပ်ကွက်ရေမြောင်းအတွင်း၌ ပျောက်ဆုံးသည့်နေ့မှ (၅)ရက်အကြာတွင်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြင်ပထိခိုက်ဒဏ်ရာရယ်လို့တော့မရှိပါဘူး။ မူးပြီးရေမြောင်းထဲကျသွားတော့ မျောပါပြီး မြောင်းထဲပိတ်မိနေတဲ့သဘောပေါ့” ဟု၎င်းက ဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသားအလောင်းအား ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ စစ်တွေမြို့နယ်ပြည်သူဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့်ဆက်ဆံရေးကို နံပါတ်တစ်ဦးစားပေးအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကတိပြုပြောဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း