သံဖြူဇရပ်-ရေးလမ်းမကြီးတွင် ကုန်ကားနှစ်စီးတိုက်မိခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းတစ်ဦး မီးလောင်သေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးသွားကားလမ်းမကြီးတွင် ကုန်တင်ကားနှင့် (၁၂)ဘီးကားတို့ တိုက်မိမှုကြောင့်မီးလောင်မှုဖြစ်ပွားရာမှ ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ့ (စက်တင်ဘာလ ၁၃ရက်)၊ ညနေ ၅နာရီ ၄၀မိနစ်အချိန်တွင် ရေးမြို့နယ်၊ မော့ကနင်ရွာအပြင် ကွမ်ကျိုက်တံတား၊ သံဖြူဇရပ်-ရေးသွားကားလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
အထက်ပါ နေရာတွင် ရော်ဘာတုံးများသယ်ဆောင်လာသည့် ကုန်တင်ကားနှင့် ကွမ်းသီးများသယ်ဆောင်လာသည့် (၁၂)ဘီးကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ ကွမ်းသီးတင်ကားသည် မီးလာင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ကားမီးလောင်ကျွမ်းမှုကြောင့် ကားခေါင်းထဲညှပ်နေခဲ့သည့် ကွမ်းသီးကားပေါ်မှယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦး မီးလောင်မှုအတွင်း သေဆုံးသွားခဲ့ကြောင်း အထက်ပါလူမှုကူညီရေးအသင်းမှ သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ပိုဆောင်ပေးခဲ့ပြီး ကားမီးလောင်မှုအား လမိုင်းနယ်မြေမီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုအတွင်း ယခင်က ကွန်မြူနစ်ကြောက်ရောဂါ နှင့် ယခု တရုတ်ကြောက်ရောဂါဖြစ်ပေါ်နေ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း