Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနောက်အုပ်စုအတွင်း ယခင်က ကွန်မြူနစ်ကြောက်‌ရောဂါ နှင့် ယခု တရုတ်ကြောက်ရောဂါဖြစ်ပေါ်နေ

Htay Oung (NSS) - စက်တင်ဘာ ၁၄ 

ဗြိတိသျှပါလီမန်အမတ်ဖြစ်လာဖွယ်ရှိတဲ့ အမတ်လောင်းနှစ်ဦးတို့ဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးသူများ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ MI 5 (ခေါ်) ယူကေပြည်တွင်း စစ်ထောက်လှမ်းရေး အမှတ်-၅ က အာဏာရ ကွန်ဆာဗေးတစ်ပါတီကို သတိပေးခဲ့ကြောင်း၊ MI 6 ပြည်ပထောက်လှမ်းရေးနဲ့ တွဲဖက်တာဝန်ထမ်းဆောင်နေတဲ့ အဲဒီအဖွဲ့ကြီးက သတိပေးတဲ့အတွက် ၎င်းတို့ကိုပါတီက တားဆီးပိတ်ဆို့ခဲ့ရကြောင်း Times သတင်းစာက စက်တင်ဘာလ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့တယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။

၂ဝ၂၁ ခုနှစ် နဲ့ ၂ဝ၂၂ ခုနှစ်တုန်းက ပါလီမန်အမတ်လောင်းနှစ်ဦးတို့ဟာ အထူးသဖြင့် တရုတ်နဲ့ ချိတ်ဆက်မှုများရှိ နေတယ်လို့ MI 5 က သတိပေးခဲ့ခြင်းဖြစ်ကြောင်း၊ အကြံပေးချက်အတိုင်း ကွန်ဆာဗေးတစ်ပါတီက အဲဒီကိုယ်စား လှယ်လောင်းတွေ ဝင်ရောက်နိုင်ခြင်းမရှိအောင် ဖယ်ရှားလိုက်ရတယ်လို့ TiMes သတင်းစာက ဆိုပါတယ်။

တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုထောက်လှမ်းရေးသတင်းများကိုမဆို အစိုးရအနေနဲ့ အလေး အနက်ထားရှိတယ်ကြောင်း ယူကေကျန်းမာရေးနဲ့ လူမှုရေးစောင့်ရှောက်မှုဝန်ကြီးက တိုင်းမ်သတင်းစာကို မှတ်ချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကိုယ်စားလှယ်လောင်းစာရင်းမှာ ပါ၀င်နိုင်ခြင်းမရှိအောင် သူတို့ကိုအမြန်ဆုံးဖယ်ရှားပစ်ခဲ့ကြောင်း၊ သူတို့ဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို့ရတော့မှာ မဟုတ်ဘူးလို့ ဝန်ကြီးက ပြောပါတယ်။

Times သတင်းစာကိစ္စနဲ့ပတ်သက်ပြီး အလားအလာရှိတဲ့ကိုယ်စားလှယ်လောင်းများနဲ့ဆက်စပ်တဲ့ (အမျိုးသား) လုံခြုံရေးအပေါ်စိုးရိမ်ရကြောင်း ယုံကြည်ရလောက်တဲ့သတင်းအချက်အလတ်များကို လက်ခံရရှိတဲ့အခါ သက်ဆိုင်သူကို အရေးယူဆာင်ရွက်ပေးရလေ့ရှိတယ်လို့ ကွန်ဆာဗေးတစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြန်လည်ဖြေဆိုပါတယ်။ 

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကြောင်း သံသယဖြင့် ဗြိတိသျှပါလီမန်ရေးရာ သုတေသီတစ်ဦးကို မတ်လတုန်း က ဖမ်းဆီးခဲ့ရကြောင်း တနင်္ဂနွေနေ့မှာ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးမြင့်လာချိန်မှာ ယခုသတင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

အဲဒီစွပ်စွဲချက်တွေဟာ တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးအရောင်ဆိုးနေခြင်းမျှသာဖြစ်ပြီး နိုင်ငံရေးဟာသ ဇာတ်ကား ရိုက်ကူးနေတဲ့ကိစ္စများကို သက်ဆိုင်ရာပါတီတို့အနေနဲ့ရပ်တန့်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်အစောပိုင်းမှာ တရုတ်အစိုးရ က တိုက်တွန်းလိုက်ပါတယ်။

ပါလီမန်အတွင်း ခြိမ်းခြောက်ခံရမှုနဲ့ပတ်သက်ပြီး ဗြိတိသျှထောက်လှမ်းရေးက နိုင်ငံရေးသမားများကို သတိပေးနေ ခဲ့တာကြာလှပါပြီ။ တရုတ်အာဏာပိုင်တွေဟာ အဆက်အသွယ်များ မွေးမြူတဲ့ဂိမ်းရှည်ကြီးကို ကစားနေကြောင်း လွန်ခဲ့တဲ့ခဲ့နှစ် MI5 ညွှန်ကြားရေးမှူးချုပ် ကင်_မက္ကောလေးက ပြောဖူးပါတယ်။ 

(ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ဆန့်ကျင်ပြီး ဘုံဝါဒအပေါ်ယုံကြည်တဲ့ ကွန်မြူနစ်ဆန်ဆန် အုပ်စုဖွဲ့တွေးခေါ်မှုများကို ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ အရင်းအနှီးစီးပွားရေးအသားပေး အနောက်နိုင်ငံများရဲ့အားထုတ်မှုဟာ နှစ်ပေါင်း တစ်ရာ ကျော် သက်တမ်းရှိခဲ့ပါပြီ၊ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးအပြီး ဆိုဗီယက်အင်ပါယာ ပေါ်ထွန်းလာချိန်မှ စတင်ပြီး အမေရိကန်ဦးဆောင် အနောက်အုပ်စုနဲ့ ဆိုဗီယက်အုပ်စုတို့အကြား ပြိုင်ဆိုင်မှုဟာ ကမ္ဘာအဆင့်ထိ ပြင်းထန်လာ ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ ဥရောပနဲ့ အမေရိကန်နိ်ုင်ငံတို့မှာ ကွန်မြူနစ်ဝါဒဆန့်ကျင်ရေးကို တင်းကြပ် စွာ ကိုင်တွယ်ခဲ့ပါတယ်။ 

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီခေါင်းဆောင် ဟစ်တလာရဲ့ကွပ်ကဲမှုဌာနချုပ်တည်ရှိရာ ဘာလင်မြို့ကို အနောက်မဟာမိတ်တို့ထက် စောပြီး ဆိုဗီယက်တပ်နီတော်က သိမ်းယူနိုင်ခြင်း၊ တရုတ်ပြည်မှာ မော်စီတုန်းရဲ့ ကွန်မြူနစ်တို့က ချန်ကေရှိတ်ရဲ့ ကူမင်တန်အစိုးရအပေါ် အနိုင်ရရှိလိုက်ခြင်းဟာ နိုင်ငံတကာ ခေတ်ပညာတတ် လူငယ်ထုအကြား ကွန်မြူနစ်ဝါဒအပေါ် အရူးအမူးဖြစ်စေခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ် စာပေ-ဂီတ-ရုပ်ရှင်တို့မှာ လက်ဝဲနိုင်ငံရေးအယူအဆများ ရေပန်းစားလာခြင်းနဲ့အတူ အနောက်နိုင်ငံ အစိုးရတို့ရဲ့ကွန်မြူနစ်ဆန့်ကျင်ရေးဟာ ပိုမိုတင်းကြပ်ပြင်းထန်လာခဲ့ပါတယ်။ 

အရင်းရှင်စနစ်ကို ဝေဖန်ပြီး လက်ဝဲအယူအဆများကို စာနာဖြန့်ဝေသူ ကွန်မြူနစ်တစ်ဦးဖြစ်တယ်လို့ ဟာသ သရုပ်ဆောင် ချာလီချက်ပလင်အပေါ် အမေရိကန်ကွန်ဂရက်လွှတ်တော်က စွပ်စွဲခဲ့ပါတယ်။ ချာလီချက်ပလင်ဟာ လန်ဒန်မြို့မှာ မွေးဖွားပြီး ဆင်းရဲမွဲတေစွာ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ ကြိုးစားအားထုတ်မှုကြောင့် ကမ္ဘာကျော် ဖြစ်လာခဲ့သူချာလီဟာ ဥရောပမှာ ရောက်ရှိနေခိုက် ၁၉၄၇ ခုနှစ် အမေရိကန်ကွန်ဂရက်ရဲ့ဆင့်ခေါ်စာကို ငြင်းဆိုပြီး ကြားနေ ဆွစ်ဇာလန်နိုင်ငံမှာ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့ရပါတယ်။

အနောက်နိုင်ငံများအတွင်း ကွန်မြူနစ်ဝါဒဆန့်ကျင်ရေးနဲ့အတူ လူသိများထင်ရှားတဲ့ စာရေးဆရာ-အနုပညာရှင် များ-နိုင်ငံရေးသမားအတော်များများတို့ဟာ လူ့အသိုင်းအဝိုင်းက ရှုတ်ချစွန့်ပစ်ခြင်း လူမှုရေးပြစ်ဒဏ် အပေးခံခဲ့ရ တယ်။ အရှေ-အနောက် စစ်အေးတိုက်ပွဲကလည်း ပိုမိုပြင်းထန်လာခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ ကွန်မြူနစ်ဖြစ်သွားရင် အနီးအနားနိုင်ငံများမှာလည်း အလိုအလျောက် ကွန်မြူနစ်ဖြစ်သွား လိမ့်မယ်လို့ ဒိုမီနီကန်သီအိုရီနဲ့ ကွန်မြူနစ်ဝါး ဖိနှိပ် တားဆီးချေမှုန်းရေး မက္ကာသီအယူအဆအရ ၁၉၅၄ ခုနှစ် အမေရိကန်ဟာ မြန်မာ့အိမ်နီးချင်း လောနိုင်ငံ အပါအဝင် ကမ္ဘောဒီးယားဗီယက်နမ်နိုင်ငံတို့ကို အတိအလင်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကြီးလေးတဲ့ စစ်စရိတ်နဲ့ အသေအပျောက်များပြားပြီး ၁၉၇၅ ခုနှစ်မှာ မရှုမလှ ဆုတ်ခွာပေးရခြင်းသာ အဖတ်တင်ခဲ့ပါတယ်။


ဒီနေ့ခေတ် ရုရှားဟာ ကွန်မြူနစ်မဟုတ်တော့ဘဲ့ တရုတ်နိုင်ငံမှာလည်း ကွန်မြူနစ်အစိုးရက အုပ်ချုပ်နေလင့်ကစား ပုဂ္ဂလိက ပိုင်ဆိုင်မှုဆန့်ကျင်ရေး လက်ဝဲအယူအဆတွေကို ဆုပ်ကိုင်ထားမြဲဖြစ်ကြောင်း အထောက်အထား မရှိ တော့ပါ။ အမေရိကန် အပါအ၀င် အနောက်နိုင်ငံများပင် လာရောက်ရင်းနှီးမြှုပ်နှံနေကြပြီဖြစ်ပါတယ်။

မျက်မှောက်ခေတ် စစ်အေးတိုက်ပွဲဟာ ရုရှား-တရုတ် စစ်ရေးစီးပွားရေး အင်အားကြီးထွားလာခြင်း၊ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံရေးသြဇာနဲ့ စီးပွားရေးဟာ ကမ္ဘာနံပါတ်-၁ အဖြစ် အမေရိကန်ကို ကျော်တက်ခြင်းမှ တားဆီး ရေးဖြစ်နေပါတယ်။ ။သတင်းဘာသာပြန်သူ))

#ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ #MI5 #ယူကေပြည်တွင်းထောက်လှမ်းရေး #အနီ_ကွန်မြူနစ်ကြောက်ရောဂါ #တရုတ်ကြောက်ရောဂါ #ချာလီချက်ပလင် #အင်ဒိုချိုင်းနားစစ်ပွဲ #အမေရိကန် #တရုတ်သူလျှို


(Reuters., 13 September 2023,” UK's MI5 warned Conservatives over possible Chinese spy candidates, the Times reports” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနှင့် တရုတ်နိုင်ငံကြား ရေထွက်ကုန် နှင့် မွေးမြူရေးထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် သဘောတူစာချုပ်များ ချုပ်ဆိုရန်ရှိ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved