ပေါင်းတလည်မြို့အဝင်၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံး
Pearl (NSS) - စက်တင်ဘာ ၁၃
ပေါင်းတလည်မြို့အဝင်၌ ကားကိုကျော်တတ်ရာမှ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၃ရက်) ၊ နံနက်(၁၁)နာရီခွဲ အချိန်ခန့်တွင် ပဲခူးတိုင်း၊ အနောက်ပိုင်း (ပြည်ခရိုင်)၊ ပြည် - ပေါက်ခေါင်းလမ်းမပေါ် ၊ ပေါင်းတလည်မြို့အဝင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမြို့အဝင်ရှိ ဇာတ်ငါးရာဘုရားထိပ်တွင် ပြည်ဘက်မှ မောင်းနှင်လာသည့်ဆိုင်ကယ် နှင့် ပေါင်းတလည်ဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။
"ပြည်ဘက်က ဆိုင်ကယ်က ကားကိုကျော်တတ်တာလို့ပြောတယ်။ ဆုံးသွားတာက ပေါင်းတလည်ဘက်က ဆိုင်ကယ်သမားပါ"ဟု အထက်ပါလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ပေါင်းတလည်ဘက်မှ ဆိုင်ကယ်မောင်းနှင်လာသူ အသက် (၃၅)နှစ် ဝန်းကျင်အရွယ်အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ပြီး ပြည်ဘက်မှမောင်းနှင်လာသူ အမျိုးသားသည် ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ပေါင်းတလည်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် ပြည်မြို့ - ကုတင် (၅၀၀) ဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံသို့ ကင်ဂျုံအန်းရောက်ရှိနေချိန်တွင် မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ် ပစ်လွှတ်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း