Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနိုင်ငံသို့ ကင်ဂျုံအန်းရောက်ရှိနေချိန်တွင် မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ် ပစ်လွှတ်

Pika (NSS) - စက်တင်ဘာ ၁၃ 

မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာလ(၁၃)ရက်တွင် တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ၎င်း၏ နိုင်ငံအရှေ့ဖက်ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း ဂျပန် နှင့် တောာင်ကိုရီးယားနိုင်ငံ က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံရန်အတွက် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်နေသည့်အချိန်တွင် အဆိုပါဒုံးကျည်စမ်းသပ်မှုထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် ပူတင် နှင့် ကင်ဂျုံအန်းတို့သည် တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှား၏ ကြိုးပမ်းအားထုတ်မှု များကို ပိုမိုအရှိန်မြှင့်တင်ပေးနိုင်မည့် လက်နက်သဘောတူညီချက်များ ဆွေးနွေးမည်ကို နိုင်ငံတကာက စိုးရိမ်နေ ကြောင်းလည်း သိရသည်။


အဆိုပါဒုံးကျည်စမ်းသပ်မှုသည် ကင်ဂျုံအန်း ပြည်ပတွင်ရှိနေစဉ်အချိန်အတွင်း မြောက်ကိုရီးယား၏ ပထမဆုံး အကြိမ်ပစ်လွှတ်မှုဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ ပြုံယမ်း၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်နေရာမှ ပစ်လွှတ်လိုက်သောပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်ပြီးနောက် (၁ဝ)မိနစ်အကြာတွင် တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။

အဆိုပါပဲ့ထိန်းဒုံးကျည်များသည် မြောက်ကိုရီးယားနိုင်ငံ အရှေ့ဖက်ပင်လယ်ပြင်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါပဲ့ထိန်းဒုံးကျည် များ ဘယ်လောက်အကွာအဝေးအထိ ပျံသန်းသွားသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရသည်၊၊ 

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်များသည် ပင်လယ်ထဲသို့ ကျရောက်သွားခဲ့ပုံပေါ်ပြီး အဆိုပါအရာဝတ္ထုများကို သတိထားကြရန် နှင့် ထိတွေ့ခြင်းမျိုး မလုပ်ဆောင်ရန် ဂျပန်ကမ်းရိုးတန်းအနီးတစ်ဝိုက်ရှိ သင်္ဘောများကို တိုက်တွန်းထားကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောကြားခဲ့သည်။

ရုရှား နှင့် ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ကင်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်များကို ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဆောင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ၂ဝ၂၂ ခုနှစ် အစပိုင်းကတည်းက ဒုံးကျည်အစင်း (၁ဝဝ)ကျော် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ 

ကင်ဂျုံအန်းနှင့်တွေ့ဆုံစဉ်အချိန်အတွင်း ရုရှားသမ္မတပူတင်သည် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန်အတွက် လက်နက်သိုလှောင်မှုများကို ပြန်လည်ဖြည့်တင်းရန် မြောက်ကိုရီးယားထံမှ အမြောက်များ နှင့် ခဲယမ်းမီးကျည်များကို တောင်းဆိုနိုင်ဖွယ်ရှိကြောင်း အမေရိကန်တာဝန်ရှိသူများက ဝေဖန်ခဲ့သည်။ ထို့အပြင် ကင်ဂျုံအန်းသည် ၎င်း၏နျူကလီးယားလက်နက်နှင့် ဒုံးကျည်အစီအစဉ်များကို ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သော စီးပွားရေးအကူအညီများ နှင့် ခေတ်မီသော လက်နက်နည်းပညာများကို ရုရှားထံမှ တောင်းဆိုနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသေဆုံးမှုနှင့်အတူ မွေးမြူရေးခြံထဲမှ မိကျောင်းအကောင် (၇ဝ)ကျော် လွတ်မြောက်

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved