ကနေဒါနိုင်ငံတွင် ဖြစ်ပွားသော Sikh ဘာသာဝင်များ၏ ဆန္ဒပြပွဲများက အကြမ်းဖက်မှုလုပ်ရပ်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြော
Pika (NSS) - စက်တင်ဘာ ၁၁
ကနေဒါနိုင်ငံတွင် ဖြစ်ပွားနေသော အိန္ဒိယနိုင်ငံကို ဆန့်ကျင်သည့် Sikh ဘာသာဝင်များ၏ ဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ကနေဒါဝန်ကြီးချုပ် ထရုဒိုးကို အိန္ဒိယဝန်ကြီးချုပ်မိုဒီက နယူးဒေလီမြို့တွင် ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့အပြင် အိန္ဒိယအစိုးရသည် ကနေဒါနိုင်ငံတွင်ဖြစ်ပွားနေသော Sikh ဘာသာဝင်များ၏ ဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ကြောင်းလည်း သိရသည်။ ၁၉၈၄ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ်ဟောင်း Indira Gandhi ကို ၎င်း၏ ကိုယ်ရံတော်နှစ်ဦးက လုပ်ကြံသတ်ဖြတ်မှုကို သရုပ်ဖော်သည့် ချီတက်ပွဲကို ကနေဒါနိုင်ငံတွင် ခွင့်ပြုခဲ့သည့်အတွက် ကနေဒါအစိုးရကို အိန္ဒိယအစိုးရက ပြီးခဲ့သည့်ဇွန်လတွင် ပြစ်တင်ဝေဖန်ခဲ့ကြောင်း လည်း သိရသည်။
အဆိုပါလုပ်ရပ်သည် Sikh ဘာသာဝင်ခွဲထွက်ရေးသမားများ၏ အကြမ်းဖက်မှုများကို အားပေးနေခြင်းမျိုးဖြစ် ကြောင်းလည်း ဝေဖန်ပြောဆိုခဲ့သည်။ အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်တွင် "အဲဒီလုပ်ရပ်တွေဟာ ခွဲထွက်ရေးဝါဒကို ပိုမိုမြှင့်တင်ပေးနေပြီး အိန္ဒိယသံတမန်တွေအပေါ် အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့လှုံ့ဆော်ပေးနေသလိုပါပဲ။ ပြီးတော့ ကနေဒါနိုင်ငံမှာရှိတဲ့ သံတမန်ရေးရာအဆောက်အဦးတွေ၊ ဝတ်ပြုရာနေရာတွေ နဲ့ အိန္ဒိယအသိုင်းအဝိုင်း ကို ထိခိုက်အောင်လုပ်ဆောင်နေတာပါ" ဟု ပြောခဲ့သည်။
အိန္ဒိယ နှင့် ကနေဒါနိုင်ငံကြားဆက်ဆံရေးမှာ တင်းမာနေဆဲဖြစ်ပြီး ယခုလအစောပိုင်းတွင် ကနေဒါအစိုးရသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူစာချုပ်အတွက် ဆွေးနွေးပွဲများကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီသည် G20 ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်အများအပြား နှင့် အပြန်အလှန် တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ကနေဒါဝန်ကြီးချုပ်ထရုဒိုး နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းမျိုးမရှိကြောင်း လည်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ်ဟောင်း Indira Gandhi သည် Sikh ခွဲထွက်ရေးသမားများကိုဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ Sikh ဘုရားကျောင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ခွင့်ပြုခဲ့ပြီးနောက် ၎င်း၏ ကိုယ်ရံတော် Sikh ဘာသာဝင်နှစ်ဦးက ၎င်းကို ၁၉၄၈ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်ပြီးလျှင် Sikh ဘာသာဝင်ဦးရေ အများဆုံးရှိသည့်နိုင်ငံတစ်ခုဖြစ်ပြီး အိန္ဒိယအစိုးရကို စိတ်ဆိုးဒေါသထွက်စေခဲ့သည့် ဆန္ဒပြပွဲများစွာ ဖြစ်ပွားခဲ့သည့်နေရာတစ်ခုလည်းဖြစ်သည်။ ကနေဒါနိုင်ငံသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့် နှင့် ငြိမ်းချမ်းစွာဆန္ဒပြခွင့်တို့ကို အမြဲတမ်းကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်ထရုဒိုးက G20 ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ သွားရောက်ရန် စောင့်ဆိုင်းနေသူ သောင်းချီရှိနေဟုဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ