Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ သွားရောက်ရန် စောင့်ဆိုင်းနေသူ သောင်းချီရှိနေဟုဆို

မြူနစ် (NSS) - စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ သွားရောက်ရန် စောင့်ဆိုင်းနေသူသည် လူဦးရေသောင်းချီရှိနေကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။


မြန်မာ-တရုတ်နယ်စပ်ရှိ နန်းတော်၊ ဆင်ဖြူဂိတ်နှင့် မန်ဝိန်းဂိတ်တို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်မှစတင်ကာ တစ်ခါသုံးကတ်(TBP)ဖြင့် စတင်ဖြတ်သန်းခွင့်ပေးခဲ့သည်။

ထိုသို့ခွင့်ပြုခဲ့ပြီးနောက်ပိုင်းတွင် မူဆယ်မြို့သို့ ဒေသအသီးသီးမှ လူအများအပြားလာရောက်ခဲ့ကြပြီး တရုတ်နိုင်ငံဘက်သို့ သွားရောက်ရန်အတွက် စောင့်ဆိုင်းနေသူများ လူဦးရေသောင်းနှင့်ချီကာရှိနေကြောင်း မူဆယ်မြို့ခံများက ပြောသည်။

“လက်ရှိ မူဆယ်မြို့ပေါ်မှာ တရုတ်ဘက်ကိုဝင်ဖို့ စောင့်ဆိုင်းသူက သောင်းချီရှိတယ်။ အဓိကတော့ စစ်ကိုင်း၊ မကွေးအပါအဝင် ဒေသအစုံက လူတွေများတယ်။ နိုင်ငံရေးအခြေအနေအရရော၊ အလုပ်အကိုင်မရှိကြတာရော စားဝတ်နေရေးအတွက် တရုတ်ဘက်မှာ အလုပ်လာလုပ်ဖို့ တက်လာကြတာများတယ်”ဟု မူဆယ်မြို့ခံတစ်ဦးက NSS ကို ပြောသည်။

လက်ရှိတွင် မူဆယ်မြို့ပေါ်ရှိ တည်းခိုခန်းများ၌ တည်းခိုသူ ပြည့်နှက်လျက်ရှိသည့်အပြင် မြို့ခံလူမှုကူညီရေးအသင်းများကလည်း ခေတ္တတည်းခိုနိုင်ရေးအတွက် ကူညီပေးနေရမှုများရှိကြောင်း သိရသည်။

“လူတိုင်းကို မကူညီနိုင်ပေမယ့် ကျွန်တော်တို့ကတော့ အယောက်(၅၀)လောက်ကို ကူညီပေးထားတယ်။ တစ်ချို့ဆိုရင်လည်း သနားပါတယ်။ အိမ်ပေါင်ပြီးတော့လာတယ်။ အတိုးတွေနဲ့ ပိုက်ဆံချေးလာတယ်။ ဒါတွေကို မြင်ရတော့လည်း ကျွန်တော်တို့အသင်းမှာရှိတဲ့ အခြေခံစားကုန်လေတွေကို ထုတ်ကျွေးထားပါတယ်။ အခမဲ့လည်း နေခွင့်ပြုထားပါတယ်”ဟု မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက NSS ကိုပြောသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ ဂိတ်များအနေဖြင့် (၁)ရက်လျှင် ဖြတ်သန်းခွင့်ကတ်အရေအတွက် (၂၀၀)စီသာ ပြုလုပ်ဖြတ် သန်းခွင့်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းဂိတ်များ၌ လာရောက်တန်းစီစောင့်ဆိုင်းသူများပြားသည့်အတွက် တန်းစီခြင်းစနစ်အစား သက်ဆိုင်ရာတာဝန်ရှိသူက တိုကင်စနစ်သဘောမျိုးကို အသုံးပြုကာ တစ်ခါသုံးကတ်(TBP)ကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ တစ်ခါသုံးကတ်(TBP) ရရှိရေးအတွက် တိုကင်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် ကြားပွဲစားများက တိုကင်တစ်ခုလျှင် ငွေကျပ် ငါးသောင်းကျပ်မှ နှစ်သိန်းခွဲဖြင့် ရောင်းချပေးနေသည့် လုပ်ရပ်များလည်း ပေါ်ပေါက်နေကြောင်း မြို့ခံများက ပြောသည်။

“အရေးတကြီးဝင်ဖို့ ရှိတဲ့သူတွေ၊ တန်းမစီနိုင်တဲ့ ဗိုက်ကြီးသည်တွေ၊ သက်ကြီးရွယ်အိုတွေဆိုရင် သုံးသိန်းလောက်ပေးပြီးတော့ ဝင်ခဲ့တာတွေရှိတယ်လို့ ပြောတယ်။ ပေါင်းစားနေကြတာလားတော့ မသိဘူး။ ဌာနဆိုင်ရာတွေက သေသေချာချာလေးတော့ စိစစ်ပေးစေချင်တယ်။ လူတွေ ပိုပြီးဒုက္ခမရောက်စေချင်ဘူး”ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တစ်ခါသုံးကဒ်(TBP)ဖြင့် ဖြတ်သန်းသွားလာရာတွင် စာအုပ်တန်ဖိုးအနေဖြင့် ငွေကျပ်(၅၀၀)နှင့် ဖြတ်သန်းခ ငွေကျပ်(၅၀၀) စုစုပေါင်း (၁၀၀၀)ကျပ်သာ ကုန်ကျမှုရှိကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်မှတစ်ဆင့် လူဝင်ထွက်ဖြတ်သန်းသွားလာခွင့်အား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ရောက်မှသာ ဝင်ထွက်ခွင့်အား ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

T-80 အမျိုးအစား တင့်ကားများကို ပြန်လည်ထုတ်လုပ်မည်ဖြစ်ကြောင်း ရုရှားအစိုးရပြော

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved