အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးတစ်ဦးသေဆုံးမှု စဥ့်ကူးမြို့နယ်တွင်ဖြစ်ပွား
NSS - စက်တင်ဘာ ၁၁
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ PDF အဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်၊ ညနေ ၄နာရီ ၅မိနစ်အချိန်တွင် စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါရုံးအတွင်း၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေသည် ရာအိမ်မှူး ဦးမြင့်မော် နှင့် အရန်မီးသတ် ဦးမြင့်ဆွေတို့နှင့်အတူ ရုံးလုပ်ငန်းများဆောင်ရွက်နေစဉ် PDF အဖွဲ့ အင်အား(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး ရုံးအတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် လက်ပန်ကျေးရွာရာအိမ်မှူးဖြစ်သူ ဦးမြင့်မော်(၅၁)နှစ်သည် ကျောဘက်မှ ဝမ်းဗိုက်သို့ ကျည်ဖောက်ထွက်ဒဏ်ရာ(၃)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ(၇၀)နှစ်နှင့် အရန်မီးသတ်အဖွဲ့ဝင် ဦးမြင့်ဆွေ(၅၅)နှစ်တို့၏ ရင်ဘတ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရန် စဥ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကနေဒါနိုင်ငံတွင် ဖြစ်ပွားသော Sikh ဘာသာဝင်များ၏ ဆန္ဒပြပွဲများက အကြမ်းဖက်မှုလုပ်ရပ်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း