ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကုန်ကားတစ်စီးအရှိန်လွန်၍ လမ်းဘေးသစ်ပင်အားဝင်တိုက်မိခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက် ဒဏ်ရာရ
Pearl (NSS) - စက်တင်ဘာ ၁၁
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကုန်ကားတစ်စီး အရှိန်လွန်ကာလမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်မိရာမှ အမျိုး သား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်)၊ ည (၁၀)နာရီခွဲ အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်လမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ဖြစ်တဲ့နေရာမှာ ကွေ့တော့ရှိတယ်။ အရှိန်များပြီးဖြစ်တဲ့ သဘောပေါ့နော်။ လူနာ(၂)ဦးထွက်တယ်။ အရမ်းမစိုးရိမ်ရဘူး။ အဝါရောင်အဆင့်ပေါ့နော်"ဟု ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ရှိ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့(၂)ဦးသည် အသက် (၂၅)နှစ်ဝန်းကျင် အရွယ်ရှိကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား စံပြဆေးရုံသို့ ပို့ဆောင်ပေးထားပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ အောင်ဇေယျတံတားပေါ်၌ ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် အဝတ်အစားမဲ့ အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း