Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်တွင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပအကူအညီရယူမှု အနည်းဆုံးဖြင့် ဆောင်ရွက်ရန်လိုကြောင်း တပ်ချုပ်တိုက်တွန်း

ယွန်း (NP News) - ဖေဖော်ဝါရီ ၇

ပြည်တွင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပမှအကူအညီရယူမှု အနည်းဆုံးဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ‌ဆိုထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ(၆)ရက်၊ နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co., Ltd ၏ ငါးမွေးမြူရေးလုပ်ငန်းများကို လေ့လာစဉ် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း၌ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုး သားရေးရည်မှန်းချက်နှစ်ရက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ဒုတိယအချက်ဖြစ်သည့် စားရေရိက္ခာဖူလုံရေးကို စီမံဆောင်ရွက်နေကြောင်း တပ်ချုပ်မှဆိုသည်။

နိုင်ငံတစ်ဝှမ်းတွင် စနစ်ကျသော ငါးမွေးမြူရေးစနစ်ကို ဖော်ဆောင်နိုင်မှသာ ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း ၎င်းမှ အသိပေးပြောဆိုထားသည်။

ထို့ပြင် လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်ပအကူအညီများကို ရယူမှုအနည်းဆုံးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီး အတတ်နိုင်ဆုံး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်ချုပ်မှ တိုက်တွန်းပြောဆိုထား သည်။

ငါးမွေးမြူရေးစီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သ ဖြင့် လုပ်ငန်းအတွင်း လိုအပ်ချက်များကိုလည်း နိုင်ငံတော်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ထည့်သွင်းပြောဆိုထားသည်။

အလားတူ မွေးမြူ‌ရေးထုတ်ကုန်များကို ပြည်ပသို့ရောင်းချရာတွင် တိုင်းပြည်အ တွက် ပြည်ပဝင်ငွေများ တိုးတက်လာမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းကို နိုင်ငံတစ်ဝှမ်းတွင် သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း ၎င်းမှဆိုသည်။

အဆိုပါ Global Earth Agro & Aqua Industry Public Co., Ltd သည် ဧရာဝတီ တိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မိုးကုတ်ဒီးဒုတ်ကွင်းအတွင်း အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သိပ္ပံနည်းကျ အဆင့်မြင့်ခေတ်မီငါးသားဖောက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ငါးမွေးမြူခြင်း စီမံကိန်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းတစ်ခုလုံးပြီးစီးပါက မြန်မာ့ရေလုပ်ငန်းစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသအတွင်းရှိ တစ်ဦးချင်းစီ၏ဝင်ငွေများလည်း တိုးတက်လာမည်ဖြစ်ပြီး ပြည်ပမှရေထွက်ပစ္စည်းအစားအသောက်တင်သွင်းခြင်းမှ ကုန်ကျနေသည့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း သက်သာစေနိုင်မည်ဟုသိရသည်။

ထို့ပြင် အဆိုပါသိပ္ပံနည်းကျအဆင့်မြင့် ခေတ်မီငါးမွေးမြူထုတ်လုပ်ခြင်း စီမံကိန်းကြီးသည် ငါးသားပေါက်မွေးမြူသည်မှ ငါးအဆင့်မြင့် ကုန်ချောများရရှိသည်အထိပါဝင်သည့် စီမံကိန်းကြီးတစ်ခုဖြစ်သဖြင့် လူဦးရေအမြောက်အမြားကို အလုပ်အ ကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။


zawgyi version

ျပည္တြင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ျပည္ပအကူအညီရယူမႈ အနည္းဆုံးျဖင့္ ေဆာင္႐ြက္ရန္လိုေၾကာင္း တပ္ခ်ဳပ္တိုက္တြန္း

ယြန္း (NP News) - ေဖေဖာ္ဝါရီ ၇

ျပည္တြင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ျပည္ပမွအကူအညီရယူမႈ အနည္းဆုံးျဖင့္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ‌ဆိုထားသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေဖေဖာ္ဝါရီလ(၆)ရက္၊ ေန႔လည္ပိုင္းတြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ပန္းတေနာ္ၿမိဳ႕နယ္ရွိ Global Earth Agro & Aqua Industry Public Co., Ltd ၏ ငါးေမြးျမဴေရးလုပ္ငန္းမ်ားကို ေလ့လာစဥ္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျပည္တြင္း၌ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စားေရရိကၡာဖူလုံေရးတို႔ကို အမ်ိဳး သားေရးရည္မွန္းခ်က္ႏွစ္ရက္အျဖစ္ ခ်မွတ္ေဆာင္႐ြက္လ်က္ရွိၿပီး လက္ရွိတြင္ ဒုတိယအခ်က္ျဖစ္သည့္ စားေရရိကၡာဖူလုံေရးကို စီမံေဆာင္႐ြက္ေနေၾကာင္း တပ္ခ်ဳပ္မွဆိုသည္။

ႏိုင္ငံတစ္ဝွမ္းတြင္ စနစ္က်ေသာ ငါးေမြးျမဴေရးစနစ္ကို ေဖာ္ေဆာင္ႏိုင္မွသာ ျပည္သူမ်ားအေနျဖင့္ ေစ်းႏႈန္းသက္သာစြာျဖင့္ ဝယ္ယူစားသုံးႏိုင္မည္ျဖစ္ေၾကာင္း ၎မွ အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ လုပ္ငန္းမ်ား ေဆာင္႐ြက္ရာ၌ ျပည္ပအကူအညီမ်ားကို ရယူမႈအနည္းဆုံးျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ၿပီး အတတ္ႏိုင္ဆုံး ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္မွ တိုက္တြန္းေျပာဆိုထား သည္။

ငါးေမြးျမဴေရးစီမံကိန္းသည္ အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာကို ဖန္တီးေပးႏိုင္သ ျဖင့္ လုပ္ငန္းအတြင္း လိုအပ္ခ်က္မ်ားကိုလည္း ႏိုင္ငံေတာ္မွ လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွ ထည့္သြင္းေျပာဆိုထားသည္။

အလားတူ ေမြးျမဴ‌ေရးထုတ္ကုန္မ်ားကို ျပည္ပသို႔ေရာင္းခ်ရာတြင္ တိုင္းျပည္အ တြက္ ျပည္ပဝင္ေငြမ်ား တိုးတက္လာမည္ျဖစ္ၿပီး အဆိုပါလုပ္ငန္းကို ႏိုင္ငံတစ္ဝွမ္းတြင္ သုေတသနျပဳေဆာင္႐ြက္ရန္လိုေၾကာင္း ၎မွဆိုသည္။

အဆိုပါ Global Earth Agro & Aqua Industry Public Co., Ltd သည္ ဧရာဝတီ တိုင္းေဒသႀကီး၊ ပန္းတေနာ္ၿမိဳ႕နယ္၊ မိုးကုတ္ဒီးဒုတ္ကြင္းအတြင္း အေကာင္အ ထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိသည့္ သိပၸံနည္းက် အဆင့္ျမင့္ေခတ္မီငါးသားေဖာက္ျခင္းႏွင့္ ျမန္မာႏိုင္ငံတြင္ အႀကီးမားဆုံး ငါးေမြးျမဴျခင္း စီမံကိန္းျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းတစ္ခုလုံးၿပီးစီးပါက ျမန္မာ့ေရလုပ္ငန္းစီးပြားေရးက႑ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ေဒသအတြင္းရွိ တစ္ဦးခ်င္းစီ၏ဝင္ေငြမ်ားလည္း တိုးတက္လာမည္ျဖစ္ၿပီး ျပည္ပမွေရထြက္ပစၥည္းအစားအေသာက္တင္သြင္းျခင္းမွ ကုန္က်ေနသည့္ ႏိုင္ငံျခားေငြသုံးစြဲမႈကိုလည္း သက္သာေစႏိုင္မည္ဟုသိရသည္။

ထို႔ျပင္ အဆိုပါသိပၸံနည္းက်အဆင့္ျမင့္ ေခတ္မီငါးေမြးျမဴထုတ္လုပ္ျခင္း စီမံကိန္းႀကီးသည္ ငါးသားေပါက္ေမြးျမဴသည္မွ ငါးအဆင့္ျမင့္ ကုန္ေခ်ာမ်ားရရွိသည္အထိပါဝင္သည့္ စီမံကိန္းႀကီးတစ္ခုျဖစ္သျဖင့္ လူဦးေရအေျမာက္အျမားကို အလုပ္အ ကိုင္အခြင့္အလမ္းမ်ား ေဖာ္ေဆာင္ေပးႏိုင္မည္ျဖစ္သည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ဖို့ အင်ဒိုနီးရှားအစိုးရ စဉ်းစားနေဟု သတင်းများထွက်ပေါ်

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved