Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ဖို့ အင်ဒိုနီးရှားအစိုးရ စဉ်းစားနေဟု သတင်းများထွက်ပေါ်

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈

နစကတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်းအဖြစ်ကနေ ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူနေသူတစ်ဦးကို ပြောင်းလဲခန့်အပ်ဖို့ အင်ဒိုနီးရှားအစိုးရ စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများနဲ့ပတ်သက်ပြီး နစက တာဝန်ရှိသူ များကို ရှင်းပြဆွေးနွေးဖို့ အင်ဒိုနိးရှားဗိုလ်ချုပ်ကြီးတစ်ဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်သွားမယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် အခုလိုမျိုး ထပ်မံပြီး သတင်းများထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းရေးဝန်ကြီး လူဟတ် ပန်ဂျီယာတန်ဟာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ အာဆီယံဥက္ကဋ္ဌအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရဖို့ ထိပ်ဆုံးမှာ ရှိနေကြောင်း အဆိုပါကိစ္စနဲ့ နီးစပ်သောသတင်းအရင်းမြစ်များ က ပြောပါတယ်။

လူဟတ် ပန်ဂျီယာတန်ဟာ အင်ဒိုနီးရှားစစ်တပ်မှာ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ် တာဝန်ယူ ခဲ့ဖူးသလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ကာ အင်ဒိုနီးရှားဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများတွင် ပါဝင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အသက် ၇၅ နှစ်အရွယ်ရှိ ပန်ဂျီယာတန်က ၎င်းအနေနဲ့ အဲဒီကိစ္စ များနဲ့ပတ်သက်တဲ့ဆွေးနွေးမှုများကို သတိမထားမိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားသမ္မတရုံးကလည်း အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြု ပြောဆိုခြင်း မရှိဘူးလို့ သိရပါတယ်။ လူဟတ် ပန်ဂျီယာတန်ဟာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရမယ်ဆိုရင် မြန်မာနိုင်ငံရေးအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းဖို့ ဖွဲ့စည်းထားတဲ့ အာဆီယံအထူးကိုယ်စားလှယ်ရုံးမှာပါ ဝင်ဆောင်ရွက်ခွင့်ရမှာဖြစ်ကြောင်း သတင်းအရင်းမြစ်များ က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူပြီးနောက် မြန်မာနိုင်ငံရေး အခက်အခဲများကို ကြားဝင် ဆောင်ရွက်ပေးနိုင်ဖို့ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ရုံးကို ဖွဲ့စည်းထားပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက တာဝန်ယူနေတယ်လို့ သိရပါတယ်။


Zawgyi Version; 

အင္ဒိုနီးရွားဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးကို အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ခန႔္အပ္ဖို႔ အင္ဒိုနီးရွားအစိုးရ စဥ္းစားေနဟု သတင္းမ်ားထြက္ေပၚ

ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၈

နစကတာဝန္ရွိသူမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးႏိုင္ဖို႔ အာဆီယံဥကၠ႒ရဲ႕ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းအျဖစ္ကေန ဝန္ႀကီးအျဖစ္ ေျပာင္းလဲတာဝန္ယူေနသူတစ္ဦးကို ေျပာင္းလဲခန႔္အပ္ဖို႔ အင္ဒိုနီးရွားအစိုးရ စဥ္းစားေနေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိေနပါတယ္။

အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုက အင္ဒိုနီးရွားရဲ႕ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈမ်ားနဲ႔ပတ္သက္ၿပီး နစက တာဝန္ရွိသူ မ်ားကို ရွင္းျပေဆြးေႏြးဖို႔ အင္ဒိုနိးရွားဗိုလ္ခ်ဳပ္ႀကီးတစ္ဦး ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ကို ျမန္မာႏိုင္ငံသို႔ ေစလႊတ္သြားမယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ အခုလိုမ်ိဳး ထပ္မံၿပီး သတင္းမ်ားထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

အင္ဒိုနီးရွားေရေၾကာင္းႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာပူးေပါင္းေရးဝန္ႀကီး လူဟတ္ ပန္ဂ်ီယာတန္ဟာ ျမန္မာႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီး အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုရဲ႕ အာဆီယံဥကၠ႒အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ခံရဖို႔ ထိပ္ဆုံးမွာ ရွိေနေၾကာင္း အဆိုပါကိစၥနဲ႔ နီးစပ္ေသာသတင္းအရင္းျမစ္မ်ား က ေျပာပါတယ္။

လူဟတ္ ပန္ဂ်ီယာတန္ဟာ အင္ဒိုနီးရွားစစ္တပ္မွာ ၾကယ္ေလးပြင့္အဆင့္ရွိ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးအျဖစ္ တာဝန္ယူ ခဲ့ဖူးသလို စီးပြားေရးလုပ္ငန္းရွင္တစ္ဦးလည္းျဖစ္ကာ အင္ဒိုနီးရွားဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈမ်ားတြင္ ပါဝင္ခဲ့သူျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အသက္ ၇၅ ႏွစ္အ႐ြယ္ရွိ ပန္ဂ်ီယာတန္က ၎အေနနဲ႔ အဲဒီကိစၥ မ်ားနဲ႔ပတ္သက္တဲ့ေဆြးေႏြးမႈမ်ားကို သတိမထားမိေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ဒါ့အျပင္ အင္ဒိုနီးရွားသမၼတ႐ုံးကလည္း အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာမွတ္ခ်က္ျပဳ ေျပာဆိုျခင္း မရွိဘူးလို႔ သိရပါတယ္။ လူဟတ္ ပန္ဂ်ီယာတန္ဟာ အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ခံရမယ္ဆိုရင္ ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားကို ကိုင္တြယ္ေျဖရွင္းဖို႔ ဖြဲ႕စည္းထားတဲ့ အာဆီယံအထူးကိုယ္စားလွယ္႐ုံးမွာပါ ဝင္ေဆာင္႐ြက္ခြင့္ရမွာျဖစ္ေၾကာင္း သတင္းအရင္းျမစ္မ်ား က ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒တာဝန္ယူၿပီးေနာက္ ျမန္မာႏိုင္ငံေရး အခက္အခဲမ်ားကို ၾကားဝင္ ေဆာင္႐ြက္ေပးႏိုင္ဖို႔ အာဆီယံဥကၠ႒ရဲ႕အထူးကိုယ္စားလွယ္႐ုံးကို ဖြဲ႕စည္းထားၿပီး အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီက တာဝန္ယူေနတယ္လို႔ သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံက တူရကီနိုင်ငံအတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ကူညီပေးမယ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved