Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံက တူရကီနိုင်ငံအတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ကူညီပေးမယ်

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈

ရုရှားနဲ့စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံဟာ ငလျင်ဒဏ်ခံရတဲ့ တူရကီနိုင်ငံကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ စေလွှတ်ပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တူရကီ နဲ့ ဆီးရီးယားနိုင်ငံတို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်အားပြင်း ငလျင်လှုတ်ခတ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၈ဝဝဝ သေဆုံးထားပြီး၊ နှစ်ပေါင်း ၈ဝ အတွင်း အဆိုးရွားဆုံးငလျင်ဖြစ်တယ်လို့ သိရပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီး က "ငလျင်ကြောင့် တူရကီပြည်သူများ ဘေးဒုက္ခတွေ ရင်ဆိုင်ရခြင်းကို ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်။ တူရကီကို လက်ရှိတွေ့ကြုံနေတဲ့အခက်အခဲတွေ ကျော်ဖြတ်နိုင်စေဖို့ ယူကရိန်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပစ္စည်းတွေ ပေးပို့သွားမှာဖြစ်တယ်။ ယူကရိန်းကယ်ဆယ်ရေးသမားတွေဟာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ရှာဖွေကယ်ဆယ်မှုတွေကို အထူးကျွမ်းကျင်သူတွေဖြစ်သလို အတွေ့ကြုံရင့်ကျက်သူတွေဖြစ်တယ်။ အဲဒီယူကရိန်းကယ်ဆယ်ရေးသမားတွေဟာ တူရကီနိုင်ငံကို အမြန်ဆုံးသွားရောက်မှာဖြစ်တယ်" လို့ ပြောပါတယ်။

ယူကရိန်းသမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တူရကီသမ္မတ အာဒိုဂန် နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။ ယူကရိန်းအစိုးရရုံးက အဖွဲ့ဝင် ၈၇ ဦး ပါဝင်မယ့် ယူကရိန်း ရှာဖွေကယ်ဆယ်ရေးသမားများကို တူရကီနိုင်ငံသို့ စေလွှတ်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တူရကီဟာ ယူကရိန်း၊ ရုရှားတို့ နဲ့ နီးစပ်တဲ့ နိုင်ငံဖြစ်ကာ ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့ စစ်ပွဲအဆုံးသတ်အောင် ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ယူကရိန်းဟာ တူရကီကို အကူအညီများပေးမယ်လို့ ပြောခဲ့ပေမယ့် ဆီးရီးယားနိုင်ငံကိုတော့ အကူအညီများပေးမယ့်အစီအစဉ်ကို ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ဆီးရီးယားဟာ ရုရှားနဲ့နီးစပ်တဲ့နိုင်ငံဖြစ်ပြီး ရုရှားအခြေစိုက် စစ်စခန်းတွေကို လက်ခံထားတဲ့ နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့မှာ ဖေဖော်ဝါရီ ၆ ရက်က လူတွေ အိပ်ပျော်နေချိန်မှာ အင်အား ၇ ဒသမ ၈ မဂ္ဂနီကျူအဆင့်ရှိ ငလျင်နဲ့ ၇ ဒသမ ၅ မဂ္ဂနီကျူအဆင့်ရှိ ငလျင်တွေအပြင် ငလျင်ငယ်တွေလည်း လှုပ်ခတ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၈ဝဝဝ ကျော် သေဆုံးထားတယ်လို့ သိရပါတယ်။


Zawgyi Version; 








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူခဲ့ရာတွင် (၈၆)ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့ဟုဆို

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved