Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နျူကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံ၌ ကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်ချုပ်ပြော

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၇

နျူကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံ၌ ကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

၎င်းက ဖေဖော်ဝါရီ ၆ ရက်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၌ ကျင်းပသော နျူကလီးယားနည်းပညာသတင်းအချက်အလက် စင်တာဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစင်တာဖွင့်လှစ်လိုက်ခြင်းကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် ခေတ်မီနျူကလီးယားနည်းပညာများကို လေ့လာရန်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကာ ပြည်သူလူထု၏ နျူကလီးယားစွမ်းအင်အပေါ် အပြုသဘောဆောင်သည့်သဘောထားအမြင်များ ရရှိလာမည်ဖြစ်ကြောင်း တပ်ချုပ်က ဆိုသည်။

ထို့ပြင် နျူကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံ၌ ကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နျူကလီးယားနည်းပညာအသုံးချနယ်ပယ်(၁၄) ခုတွင် အစိုးရချင်းချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးထားကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ကူညီထောက်ပံ့ပေးမှုများကို ရုရှားနိုင်ငံရှိ ROSATOM အဖွဲ့အစည်းက ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံ၏နျူကလီးယားအခြေခံအဆောက်အုံတည်ထောင်နိုင်ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ၏ သတ်မှတ်ချက်များအတိုင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုထားသည်။

နျူကလီးယားနည်းပညာအသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့်စီးပွားရေးတို့တွင် များစွာအကျိုး ဖြစ်ထွန်းစေမည့်အပြင် သဘာဝသိပ္ပံ၊ ပညာရေးနှင့် နည်းပညာသင်ကြားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အားကောင်းလာ မည်ဟု မျှော်မှန်းကြောင်း ရုရှားနိုင်ငံ အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေး မှူးချုပ် Mr. Alexey Evgenievich Likhachev က ပြောသည်။

ထို့ပြင် နျူကလီးယားဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်း ရလာဒ်နှင့်အရည်အသွေးကို စိတ်ကျေနပ်မှုရရှိစေရေး အစွမ်းကုန်ကြိးပမ်းနေကြောင်းလည်း အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း၏ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

လက်ရှိတွင် နေပြည်တော်၌ နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက် မြန်မာနှင့်ရုရှားအကြား ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


zawgyi version

န်ဴကလီးယားစြမ္းအင္နယ္ပယ္ကို က႑ေပါင္းစုံ၌ က်ယ္ျပန႔္စြာ ဆက္လက္ေဆာင္႐ြက္သြားမည္ဟု တပ္ခ်ဳပ္ေျပာ

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၇

န်ဴကလီးယားစြမ္းအင္နယ္ပယ္ကို က႑ေပါင္းစုံ၌ က်ယ္ျပန႔္စြာ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုထားသည္။

၎က ေဖေဖာ္ဝါရီ ၆ ရက္တြင္ ရန္ကုန္ၿမိဳ႕၊ လႈိင္ၿမိဳ႕နယ္၌ က်င္းပေသာ န်ဴကလီးယားနည္းပညာသတင္းအခ်က္အလက္ စင္တာဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါစင္တာဖြင့္လွစ္လိုက္ျခင္းေၾကာင့္ ႏိုင္ငံအတြင္းရွိ ျပည္သူမ်ားအေနျဖင့္ ေခတ္မီန်ဴကလီးယားနည္းပညာမ်ားကို ေလ့လာရန္အခြင့္အလမ္းမ်ား ရရွိလာမည္ျဖစ္ကာ ျပည္သူလူထု၏ န်ဴကလီးယားစြမ္းအင္အေပၚ အျပဳသေဘာေဆာင္သည့္သေဘာထားအျမင္မ်ား ရရွိလာမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္က ဆိုသည္။

ထို႔ျပင္ န်ဴကလီးယားစြမ္းအင္နယ္ပယ္ကို က႑ေပါင္းစုံ၌ က်ယ္ျပန႔္စြာ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး န်ဴကလီးယားနည္းပညာအသုံးခ်နယ္ပယ္(၁၄) ခုတြင္ အစိုးရခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာသေဘာတူညီခ်က္ကိုလည္း လက္မွတ္ေရးထိုးထားေၾကာင္း ၎က ေျပာသည္။

ျမန္မာႏိုင္ငံ၌ န်ဴကလီးယားနည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာအသုံးျပဳႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္ ကူညီေထာက္ပံ့ေပးမႈမ်ားကို ႐ုရွားႏိုင္ငံရွိ ROSATOM အဖြဲ႕အစည္းက ေဆာင္႐ြက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံ၏န်ဴကလီးယားအေျခခံအေဆာက္အုံတည္ေထာင္ႏိုင္ေရးအတြက္ ေဘးအႏၲရာယ္ကင္းရွင္းေရး၊ လုံၿခဳံေရးႏွင့္ အေရးေပၚအေျခအေနတုံ႔ျပန္ေဆာင္႐ြက္ေရးဆိုင္ရာလုပ္ငန္းမ်ားကို ဆန္းစစ္ေလ့လာၿပီး အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ(IAEA) ၏ သတ္မွတ္ခ်က္မ်ားအတိုင္း အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ဆိုထားသည္။

န်ဴကလီးယားနည္းပညာအသုံးျပဳျခင္းျဖင့္ ျမန္မာႏိုင္ငံ၏ စြမ္းအင္က႑၊ စက္မႈလုပ္ငန္းႏွင့္စီးပြားေရးတို႔တြင္ မ်ားစြာအက်ိဳး ျဖစ္ထြန္းေစမည့္အျပင္ သဘာဝသိပၸံ၊ ပညာေရးႏွင့္ နည္းပညာသင္ၾကားေရး ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ပါ အားေကာင္းလာ မည္ဟု ေမွ်ာ္မွန္းေၾကာင္း ႐ုရွားႏိုင္ငံ အဏုျမဴစြမ္းအင္ေကာ္ပိုေရးရွင္း ROSATOM State Corporations ၏ ၫႊန္ၾကားေရး မႉးခ်ဳပ္ Mr. Alexey Evgenievich Likhachev က ေျပာသည္။

ထို႔ျပင္ န်ဴကလီးယားဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္ပတ္သက္၍လည္း ရလာဒ္ႏွင့္အရည္အေသြးကို စိတ္ေက်နပ္မႈရရွိေစေရး အစြမ္းကုန္ႀကိးပမ္းေနေၾကာင္းလည္း အဏုျမဴစြမ္းအင္ေကာ္ပိုေရးရွင္း၏ ၫႊန္ၾကားေရးမႉးခ်ဳပ္က ဆိုသည္။

လက္ရွိတြင္ ေနျပည္ေတာ္၌ န်ဴကလီးယားဓာတ္အားေပးစက္႐ုံတည္ေဆာက္ရန္အတြက္ ျမန္မာႏွင့္႐ုရွားအၾကား ပူးေပါင္းစီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပအကူအညီရယူမှု အနည်းဆုံးဖြင့် ဆောင်ရွက်ရန်လိုကြောင်း တပ်ချုပ်တိုက်တွန်း

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved