Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယက ဆေးဝါးထိန်းချုပ်ရေးစနစ် အားကောင်းစေရေးအတွက် အမေရိကန်ဒေါ်လာ သန်း (၈ဝ)နီးပါးသုံးစွဲမည်

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၅

အိန္ဒိယ ပြည်တွင်းထုတ် ချောင်းဆိုးပျောက်ဆေးများဟာ နိုင်ငံနှစ်ခုရှိ ကလေး (၈၉)ဦး သေဆုံးမှုမှာ ဆက်နွယ်မှုရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြခဲ့ပြီးနောက် အိန္ဒိယက ၎င်းရဲ့ ဆေးဝါးထိန်းချုပ်မှုစနစ် အားကောင်းစေရန် အမေရိကန်ဒေါ်လာ (၇၉ ဒသမ ၆)သန်း သုံးစွဲမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီလ ၃ ရက်(သောကြာနေ့)မှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယဟာ "ကမ္ဘာ့ဆေးဆိုင်"လို့ လူသိများပြီး ၎င်းရဲ့ ဆေးဝါးတင်ပို့မှုဟာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း နှစ်ဆကျော်တိုးလာခဲ့ကာ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၂၄ ဒသမ ၅) ဘီလျံအထိ ရှိခဲ့ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာမှာ အိန္ဒိယဆေးဝါး သံသယနဲ့ အနည်းဆုံး ကလေး (၇ဝ)ဦး သေဆုံးပြီး ဥဇဘက်ကစ္စတန်မှာ ကလေး (၁၉)ဦး သေဆုံးခဲ့ပါတယ်။

ယင်းအတွက် ကျန်းမာရေးဝန်ကြီး မန်ဆက်ခ်မန်ဒါဗီယာ က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် သောကြာနေ့မှာ မျှဝေထားတဲ့ အစိုးရအချက်အလက်များမှာ ပြည်နယ်နဲ့ နယ်မြေများမှာ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ စမ်းသပ်စစ်ဆေးခဲ့တဲ့ ဆေးဝါးနမူနာပေါင်း ၈၉ဝဝဝ မှာ ၂၅ဝဝ ကျော်သည် စံနှုန်းများနဲ့ မကိုက်ညီဘဲ ညစ်ညမ်းခြင်း သို့မဟုတ် အတုအယောင်များ ဖြစ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဖက်ဒရယ်အစိုးရဟာ ဆေးဝါးစမ်းသပ်ဓာတ်ခွဲခန်းအသစ်များ တည်ထောင်ခြင်းနဲ့ ရှိပြီးသားအရာများကို အဆင့်မြှင့်တင်ခြင်းအပါအဝင် ဆောင်ရွက်မှုများအတွက် ၎င်းရဲ့ ဝန်ကြီးဌာနထံ ရန်ပုံငွေ ခွဲဝေပေးထားကြောင်း၊ နိုင်ငံအတွင်း ဆေးဝါးတွေရဲ့ အရည်အသွေးကို သေချာစေဖို့ အစိုးရက အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားကြောင်း မန်ဒါဗီယာက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ရန်ပုံငွေတွေကို ဘယ်အချိန်မှာ ထောက်ပံ့ပေးမည်၊ မည်သို့အသုံးပြုမည်ကို သေချာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့လက WHO ဟာ ကလေးငယ်များကို အန္တရာယ်ရှိတဲ့ ညစ်ညမ်းဆေးဝါးများမှ ကာကွယ်ရန် "ချက်ချင်း ညှိနှိုင်းဆောင်ရွက်မှု" ပြုလုပ်ဖို့ တောင်းဆိုခဲ့ကာ WHO၊ US Food and Drug Administration နဲ့ နိုင်ငံခြား စည်းမျဉ်း အာဏာပိုင်များက အာဖရိကနဲ့ အာရှရှိ ကလေး (၃ဝဝ) ကျော် သေဆုံးခဲ့တဲ့ ညစ်ညမ်း ချောင်းဆိုးပျောက်ဆေးများရဲ့ အရင်းအမြစ်ကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။


zawgyi version

အိႏၵိယက ေဆးဝါးထိန္းခ်ဳပ္ေရးစနစ္ အားေကာင္းေစေရးအတြက္ အေမရိကန္ေဒၚလာ သန္း (၈ဝ)နီးပါးသုံးစြဲမည္

ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၅

အိႏၵိယ ျပည္တြင္းထုတ္ ေခ်ာင္းဆိုးေပ်ာက္ေဆးမ်ားဟာ ႏိုင္ငံႏွစ္ခုရွိ ကေလး (၈၉)ဦး ေသဆုံးမႈမွာ ဆက္ႏြယ္မႈရွိေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ေဖာ္ျပခဲ့ၿပီးေနာက္ အိႏၵိယက ၎ရဲ႕ ေဆးဝါးထိန္းခ်ဳပ္မႈစနစ္ အားေကာင္းေစရန္ အေမရိကန္ေဒၚလာ (၇၉ ဒသမ ၆)သန္း သုံးစြဲမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးက ေဖေဖာ္ဝါရီလ ၃ ရက္(ေသာၾကာေန႔)မွာ ေျပာၾကားခဲ့ပါတယ္။

အိႏၵိယဟာ "ကမာၻ႔ေဆးဆိုင္"လို႔ လူသိမ်ားၿပီး ၎ရဲ႕ ေဆးဝါးတင္ပို႔မႈဟာ လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း ႏွစ္ဆေက်ာ္တိုးလာခဲ့ကာ ၂ဝ၂၁ ခုႏွစ္မွ ၂ဝ၂၂ ခုႏွစ္အထိ အေမရိကန္ေဒၚလာ (၂၄ ဒသမ ၅) ဘီလ်ံအထိ ရွိခဲ့ပါတယ္။ သို႔ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က ဂမ္ဘီယာမွာ အိႏၵိယေဆးဝါး သံသယနဲ႔ အနည္းဆုံး ကေလး (၇ဝ)ဦး ေသဆုံးၿပီး ဥဇဘက္ကစၥတန္မွာ ကေလး (၁၉)ဦး ေသဆုံးခဲ့ပါတယ္။

ယင္းအတြက္ က်န္းမာေရးဝန္ႀကီး မန္ဆက္ခ္မန္ဒါဗီယာ က စုံစမ္းစစ္ေဆးခဲ့ၿပီးေနာက္ ေသာၾကာေန႔မွာ မွ်ေဝထားတဲ့ အစိုးရအခ်က္အလက္မ်ားမွာ ျပည္နယ္နဲ႔ နယ္ေျမမ်ားမွာ ၂ဝ၂၁ ခုႏွစ္မွ ၂ဝ၂၂ ခုႏွစ္အထိ စမ္းသပ္စစ္ေဆးခဲ့တဲ့ ေဆးဝါးနမူနာေပါင္း ၈၉ဝဝဝ မွာ ၂၅ဝဝ ေက်ာ္သည္ စံႏႈန္းမ်ားနဲ႔ မကိုက္ညီဘဲ ညစ္ညမ္းျခင္း သို႔မဟုတ္ အတုအေယာင္မ်ား ျဖစ္ခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။

ဖက္ဒရယ္အစိုးရဟာ ေဆးဝါးစမ္းသပ္ဓာတ္ခြဲခန္းအသစ္မ်ား တည္ေထာင္ျခင္းနဲ႔ ရွိၿပီးသားအရာမ်ားကို အဆင့္ျမႇင့္တင္ျခင္းအပါအဝင္ ေဆာင္႐ြက္မႈမ်ားအတြက္ ၎ရဲ႕ ဝန္ႀကီးဌာနထံ ရန္ပုံေငြ ခြဲေဝေပးထားေၾကာင္း၊ ႏိုင္ငံအတြင္း ေဆးဝါးေတြရဲ႕ အရည္အေသြးကို ေသခ်ာေစဖို႔ အစိုးရက အမ်ိဳးမ်ိဳးေသာ စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ထားေၾကာင္း မန္ဒါဗီယာက လႊတ္ေတာ္မွာ ေျပာၾကားခဲ့ပါတယ္။ ရန္ပုံေငြေတြကို ဘယ္အခ်ိန္မွာ ေထာက္ပံ့ေပးမည္၊ မည္သို႔အသုံးျပဳမည္ကို ေသခ်ာ မသိရေသးပါဘူး။

ၿပီးခဲ့တဲ့လက WHO ဟာ ကေလးငယ္မ်ားကို အႏၲရာယ္ရွိတဲ့ ညစ္ညမ္းေဆးဝါးမ်ားမွ ကာကြယ္ရန္ "ခ်က္ခ်င္း ညႇိႏႈိင္းေဆာင္႐ြက္မႈ" ျပဳလုပ္ဖို႔ ေတာင္းဆိုခဲ့ကာ WHO၊ US Food and Drug Administration နဲ႔ ႏိုင္ငံျခား စည္းမ်ဥ္း အာဏာပိုင္မ်ားက အာဖရိကနဲ႔ အာရွရွိ ကေလး (၃ဝဝ) ေက်ာ္ ေသဆုံးခဲ့တဲ့ ညစ္ညမ္း ေခ်ာင္းဆိုးေပ်ာက္ေဆးမ်ားရဲ႕ အရင္းအျမစ္ကို စုံစမ္းစစ္ေဆးမႈ စတင္ခဲ့ပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားပိုင်နက်တွေကို တိုက်ခိုက်မည်ဆိုပါက ယူကရိန်းနိုင်ငံ မီးလောင်ပြာကျသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဟောင်း သတိပေးပြောဆို

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved