Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားပိုင်နက်တွေကို တိုက်ခိုက်မည်ဆိုပါက ယူကရိန်းနိုင်ငံ မီးလောင်ပြာကျသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဟောင်း သတိပေးပြောဆို

Pika (NP News) - ဖေဖော်ဝါရီ ၅ 

ရုရှားကို တိုက်ရာတွင် အသုံးပြုရန်အတွက် ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးမည့် အမေရိကန်၏ ဆုံးဖြတ်ချက်သည် ပဋိပက္ခကို ပိုမိုတင်းမာလာအောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားသမ္မတဟောင်း မက်ဗီဒက်က ထုတ်ဖော်ပြောဆိုခဲ့သည်၊၊

ထို့အပြင် အမေရိကန်သည် ယူကရိန်းပဋိပက္ခကို မပြီးဆုံးစေချင်သောကြောင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်နိုင် ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ယူကရိန်းသည် ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ရုရှားကိုတွန်းအားပေးရန် မဖြစ်နိုင်ကြောင်း မက်ဗီဒက်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ 

မက်ဗီဒက် က "ရလဒ်ကတော့ ဆန့်ကျင်ဖက်ပါပဲ၊၊ ဒီလိုကိစ္စမျိုးမှာ ဆွေးနွေးပွဲဆိုတာ မရှိပါဘူး၊၊ လက်တုံ့ပြန် တိုက်ခိုက်တာမျိုးပဲ ရှိပါလိမ့်မယ်။ ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းကို ရုရှားနဲ့ဆွေးနွေးဖို့ တိုက်တွန်းရမှာပါ။ ဒါပေမယ့် အမေရိကန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်တွေက အဲဒီလိုမျိုးတိုက်တွန်းဖို့ကို စိတ်တောင်မဝင်စားတဲ့ပုံပါပဲ" ဟု ပြောဆိုခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ခရိုင်းမီးယားကျွန်းဆွယ် (သို့မဟုတ်) ရုရှားပိုင်နက်နယ်မြေများကို ပစ်မှတ်ထား တိုက်ခိုက်မည်ဆိုပါက ဖြစ်နိုင်သမျှနည်းလမ်းအားလုံးနှင့် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း မက်ဗီဒက်က သတိပေးပြောဆိုခဲ့သည်။ မက်ဗီဒက်က "ခြိမ်းခြောက်မှုတွေရဲ့သဘောသဘာဝပေါ်မူတည်ပြီး ကန့်သတ်ချက်တွေ သတ်မှတ်ထားတာမျိုး မရှိပါဘူး၊၊ လက်နက်အမျိုးအစားအားလုံးကို အသုံးပြုသွားဖို့ အဆင်သင့်ရှိနေပါတယ်။ ခြိမ်းခြောက်မှုတွေလုပ်မယ်ဆိုရင် တုံ့ပြန်မှုတွေက ပြင်းထန်ပြီး လျင်လျင်မြန်မြန်ပဲဖြစ်သွားမယ်ဆိုတာ အာမခံ ပြောရဲပါတယ်" ဟု ပြောဆိုခဲ့သည်။

ယူကရိန်းသို့ လက်နက်ပေးပို့မှုများ အပါအဝင် ထောက်ခံအားပေးနေသော ဥရောပခေါင်းဆောင်များသည် ၎င်းတို့၏ ပြည်သူများကို ထိခိုက်နစ်နာစေအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မက်ဗီဒက်က ပြစ်တင်ဝေဖန်ခဲ့သည်။ အမေရိကန်စစ်ဌာနချုပ်သည် အကွာအဝေး(၁၅ဝ)ကီလိုမီတာအထိ ရောက်ရှိနိုင်သော  (GLSDB) ဒုံးကျည်များ ယူကရိန်းသို့ ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရုရှားသမ္မတဟောင်း မက်ဗီဒက် က ယင်းကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်အုပ်စုများ ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင်ပတ်သက်နေခြင်းဖြစ်ကြောင်း ရုရှား နှင့် နေတိုးအဖွဲ့ကြားတွင် စစ်ရေးအရတင်းမာမှုများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ရုရှားဖက်က အကြိမ်ကြိမ်သတိပေး ပြောဆိုခဲ့သည်။

Zawgyi Version; 







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံဘက်မှ ဖရဲသခွားကားများကို ရောင်းလိုအားနှင့်ချိန်ညှိပြီး တရုတ်နိုင်ငံသို့ဝင်ခွင့်ပြုမည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved