မြန်မာနိုင်ငံသား အပါအဝင် လူပေါင်း ၃၆ ဦးကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသည့်အတွက် ဖမ်ဆီးခဲ့ဟု မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၄
မလေးရှားကွာလာလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့တို့သည် မြန်မာနိုင်ငံသား အပါအဝင် လူပေါင်း ၃ဝ ကျော်ကို တရားဝင်စာရွက်စာတမ်းအထောက်အထားများမပါဘဲ မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း မလေးရှားအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူးချုပ် Datuk Ruslin Jusoh က ပြီးခဲ့သောရက်ပိုင်းက စီးနင်း ရှာဖွေမှုများပြုလုပ်ချိန်အတွင်း အမျိုးသမီး ၄ ဦး အပါအဝင် လူပေါင်း ၃၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောသည်။
၎င်းက "မလေးရှားနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းတဲ့ နိုင်ငံခြားသားတွေဟာ ကီလန်တန်ဒေသ၊ ကိုတာဘာရူဒေသတွေက ဘက်စ်ကားတွေနဲ့ ကွာလာလမ်ပူမြို့ကို ရောက်ရှိလာခဲ့တယ်။ အဲဒီသူတွေဟာ နိုင်ငံ အတွင်းကို တရားမဝင် ဝင်ရောက်လာသူတွေဖြစ်တယ်။
စီးနင်းရှာဖွေရေးအဖွဲ့ဟာ အရှေ့ဘက်ကမ်းရိုးတန်းဒေသက လာတဲ့ ဘက်စ်ကား သုံးစီးကို ရှာဖွေစစ်ဆေးခဲ့တယ်" ဟု ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသား ၁၆ ဦး ပါဝင်ပြီး အသက် ၁၉ နှစ်နှင့် အသက် ၄၅ နှစ်အရွယ်ကြား ရှိသူများဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ချုပ်က ပြောသည်။
မြန်မာနိုင်ငံသားများအပြင် ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂ဝ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှားအာဏာပိုင် များက ပြောသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့ပြီး ပွဲစားခအဖြစ် မလေးရှား ရင်းဂစ် ၁ဝဝဝဝ ပေးခဲ့ရကြောင်း ၎င်းတို့အားလုံး ကို လက်ရှိအချိန်တွင် ဆီလန်ဂေါပြည်နယ် Semenyih ဒေသရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူးချုပ် က ပြောသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းလျက် ရှိနေရာ မလေးရှားအာဏာပိုင်များက ထိုင်း နှင့် မလေးရှားနယ်စပ်ဒေသကို လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသို့စာသင်ကြားရန်သွားသည့် အလယ်တန်းပြဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ပခုက္ကူမြို့တွင်ဖြစ်ပွား
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း