အလုပ်သမားက အလုပ်ရှင်အား ကတ်ကြေးဖြင့် ထိုးသတ်သည်ဟုယူဆရသည့်ဖြစ်စဥ် နမ့်ခမ်းမြို့တွင် ဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့တွင် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသားအား အလုပ်သမားက ကတ်ကြေးဖြင့်ထိုးသတ်သည်ဟု ယူဆရသည့် ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၄ ရက်)၊ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင်ဖြစ်ပွားခဲ့ကြောင်း NMBG ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဖြစ်တာကတော့ ဘယ်ကစဖြစ်လဲတော့မသိဘူး။ ဆိုင်ပိုင်ရှင်ကို အလုပ်သမားက ကက်ကြေးနဲ့ထိုးတယ်လို့တော့ ယူဆရပါတယ်”ဟု NMBG ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိုးသတ်ခံရသည့် ဆိုင်ရှင်အမျိုးသားသည် အသက်(၅၃)နှစ်အရွယ်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟုယူဆရသည့် အမျိုးသားသည် အသက်(၄၀)ကျော် ဝန်းကျင်ဖြစ်ကြောင်း သိရသည်။
“သတ်တယ်လို့ ယူဆရတဲ့လူက မြို့ခံတော့မဟုတ်ဘူးဗျ။ ဘယ်ကနေအလုပ်လာလုပ်တာလဲမသိဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားအား နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော်လူမှုကွန်ရက် Facebook စာမျက်နှာကို တရားဝင်ပြန်လည်အသုံးပြုနေပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း