ကမ္ဘာကျော်လူမှုကွန်ရက် Facebook စာမျက်နှာကို တရားဝင်ပြန်လည်အသုံးပြုနေပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၄
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ၎င်းအနေနဲ့ စက်တင်ဘာ ၃ ရက်နေ့မှာ ကမ္ဘာကျော်လူမှုကွန်ရက် Facebook စာမျက်နှာကို တရားဝင်ပြန်လည်အသုံးပြုခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
Meta Platforms Inc ဟာ ဟွန်ဆန်ကို Facebook အသုံးပြုခြင်းကနေ ဆိုင်းငံ့ထားဖို့ကြီးကြပ်ရေး Oversight Board အဖွဲ့ရဲ့အကြံပြုချက်များကို ငြင်းဆန်ပယ်ချခဲ့ပြီး ဟွန်ဆန်ကို Facebook အသုံးပြုရန် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Oversight Board အဖွဲ့က ဟွန်ဆန်ဟာ Facebook’s policies များကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ဟွန်ဆန်ကို Facebook အသုံးပြုခြင်းဆိုင်းငံ့ထားဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဟွန်ဆန်က "Facebook ဟာ အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်မစွတ်ဖက်ဘူးဆိုတဲ့မူဝါဒကို လိုက်နာမယ်လို့ မျှော်လင့်ပါတယ်။ Facebook ဟာ နိုင်ငံကို အခက်အခဲပြဿနာဖြစ်အောင်မလုပ်ဖို့ မျှော်လင့်ထားတယ်။ Facebook ဟာ နိုင်ငံကို အခက်အခဲဖြစ်အောင်လုပ်ဆောင်လာမယ်ဆိုရင် ကြိုဆိုလက်ခံမှာမဟုတ်ဘူး" လို့ ပြောပါတယ်။
ကမ္ဘောဒီးယားဆက်သွယ်ရေးဝန်ကြီးဌာနကလည်း ၎င်းတို့အနေနဲ့ နိုင်ငံအတွင်းက နှင်ထုတ်ခဲ့တဲ့ Facebook ကိုယ်စားလှယ်များကို ပြန်လည်လက်ခံသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဟွန်ဆန်ဟာ ပြီးခဲ့တဲ့လပိုင်းက Facebook နဲ့ အငြင်းပွားမှုများရှိခဲ့ပြီးနောက် ၎င်းရဲ့ followers များ ကို Twitter၊ YouTube, TikTok, Telegram နဲ့ Instagram အသုံးပြုဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က Facebook ရဲ့မိခင်ကုမ္ပဏီ Meta Platforms Inc ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံအတွင်းကနေ အမေရိကန်ဒေါ်လာသန်း ၂ဝဝ ကျော်ရရှိခဲ့ပေမယ့် ကမ္ဘောဒီးယားအစိုးရကတော့ Meta Platforms In cထံကနေ အခွန်အခအဖြစ် အမေရိကန်ဒေါ်လာ သန်း ၂ဝ သာ ရရှိခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လမ်းပိုင်းပြတ်တောက်မှုကြောင့် ကုန်သွယ်မှုများ နောက်ကျခဲ့ရသည့် မြဝတီကုန်သွယ်ရေးဇုန်မှ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာ (၅၅)သန်းကျော်ဖိုး ကုန်သွယ်နိုင်ခဲ့
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ