Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြိုင်မြို့ပေါ်ရှိ ရဲစခန်းကို PDF အဖွဲ့ဝင် အင်အား(၅၀)ခန့်က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခြေခံပညာကျောင်းမှ ဆရာ/ဆရာမ (၁၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

မြူနစ် (NSS) - စက်တင်ဘာ ၂

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မြို့မရဲစခန်းကို PDF အဖွဲ့ဝင် အင်အား(၅၀)ခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အခြေခံပညာကျောင်းမှ ဆရာ/ဆရာမ (၁၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။


ယနေ့(စက်တင်ဘာလ ၂ ရက်)၊ နံနက် ၈ နာရီခွဲအချိန်တွင် မြိုင်မြို့ပေါ်ရှိ မြို့မရဲစခန်းကို PDF အဖွဲ့ဝင်များက သေနတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြိုင်မြို့ဒေသခံများက NSS ကိုပြောသည်။

ထိုသို့ လာရောက်ပစ်ခတ်တိုက်ခိုက်စဉ် မြိုင်မြို့မရဲစခန်းရှိ လုံခြုံရေးအဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီခွဲအချိန်ခန့်တွင် နှစ်ဖက်အကြား ပစ်ခတ်မှုများရပ်တန့်သွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်အတွင်း မြို့မရဲစခန်းဘက်မှ လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း PDF အဖွဲ့ဝင်များသည် မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲ(၃)၌ ပညာသင်ကြားပေးနေသည့် ဆရာ/ဆရာမ (၁၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“အကြမ်းဖက်သမားတွေက မနက် ၈ နာရီခွဲလောက်မှာ ရဲစခန်းကို လာတိုက်တာပေါ့။ လူအင်အားက (၅၀)လောက်နဲ့ လာတိုက်တာလို့ သိရတယ်။ ရဲစခန်းကလည်း ပြန်ပစ်တာပေါ့။ အဲဒီမှာ အပြန်အလှန်ပစ်ကြတယ်။ မနက် ၉ နာရီခွဲလောက်မှာတော့ ပစ်တာတွေ ရပ်သွားပြီးတော့ အကြမ်းဖက်တွေက စာသင်ကျောင်းက ဆရာ/ဆရာမတွေကို ဝင်ဖမ်းသွားတာ”ဟု မြိုင်မြို့ခံတစ်ဦးက ပြောသည်။

PDF အဖွဲ့ဝင် (၅၀)ဦးခန့်သည် မြို့မအလကခွဲ(၃)သို့ လာရောက်ကာ ပညာသင်ကြားပေးနေသည့် ဆရာ/ဆရာမ(၁၈)ဦးအနက်(၁၁)ဦးကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မြိုင်မြို့ခံများက ဆက်လက်ပြောသည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရသော ဆရာ/ဆရာမ (၁၁)ဦးအနက်တွင် ဦးအောင်ဝင်းနိုင်နှင့် ဦးမြင့်ငွေ ကျောင်းဆရာ(၂)ဦးပါဝင်ခဲ့ပြီး ကျန်ရှိသော (၉)ဦးသည် ဆရာမများဖြစ်ကြောင်း သိရသည်။

ထပ်မံသိရှိရသည့်သတင်းများအရ ယင်းကဲ့သို့ ဖမ်းဆီးခံခဲ့ရသည့် ဆရာ/ဆရာမ (၁၁)ဦးအနက် (၇)ဦးသည် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ကြားသိရသော်လည်း ကျန်ရှိသည့် (၄)ဦးမှာ ဆက်လက်ဖမ်းဆီးခံထားရကြောင်း မြို့ခံများက ပြောသည်။

မြိုင်မြို့ပေါ်၌ ယနေ့ နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့သည့်အပြင် လူနေအိမ် (၃)လုံးသည်လည်း PDF အဖွဲ့၏ မီးရှို့ ဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

PDF ခေါင်းဆောင် စိုးမင်းကို ဦးဆောင်သောအဖွဲ့က မြိုင်မြို့ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မြိုင်မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲ(၃)မှ ဆရာ/ဆရာမများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မြို့ခံများက ထပ်မံပြောသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားက ပင်လယ်ဝါထဲသို့ ခရုဇ်ဒုံးကျည်အများအပြား ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ဟုဆို

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved