မြောက်ကိုရီးယားက ပင်လယ်ဝါထဲသို့ ခရုဇ်ဒုံးကျည်အများအပြား ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ဟုဆို
Pika (NSS) - စက်တင်ဘာ ၂
မြောက်ကိုရီးယားသည် ၎င်း၏နိုင်ငံအနောက်ဖက်ကမ်းရိုးတန်းမှ ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အရှေ့ဖက်ကမ်းရိုးတန်းရှိ ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဩဂုတ်လ(၃၁)ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် နှစ်ရက်အကြာ ယနေ့(စက်တင်ဘာ လ ၂ ရက်)တွင် ယခုကဲ့သို့ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနှင့်ပတ် သက်ပြီး ပုံဖော်ထားသည့် ပစ်မှတ်များကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းဖြင့် အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ဩဂုတ်လ(၃၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို တောင်ကိုရီးယားနှင့်အမေရိကန် ထောက်လှမ်းရေးအာဏာပိုင်များက ခွဲခြမ်းစိတ်ဖြာမှုများ လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ခရုဇ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး တောင်ကိုရီးယားစစ်တပ်က အခြေအနေများကို ဆက်လက်စောင့်ကြည့်နေကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များက ပြောကြားခဲ့သည်။
တောင်ကိုရီးယားစစ်ဦးစီးချုပ်များက "ကျွန်တော်တို့စစ်တပ်ဟာ အမေရိကန်နဲ့ နီးကပ်တဲ့ပူးတွဲဆောင်ရွက်မှုတွေ လုပ်ဆောင်ပြီး အသင့်အနေအထားနဲ့ ရှိနေပါတယ်"ဟု ပြောဆိုခဲ့သည်။ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ မလုပ်ဆောင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင် စီက သတိပေးထားသော်လည်း မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်တွင် ဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ခဲပြီး ယခုနှစ်တွင် နောက်ထပ် ဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ရန် စီစဉ်နေပုံပေါ်ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လီဗာပူးလ်တိုက်စစ်မှူး ဆာလက်ကိုခေါ်ယူနိုင်ရန်အတွက် ပေါင်သန်း(၂၀၀)ဖြင့် ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေတဲ့ ဆော်ဒီအာရေးဗျကလပ်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ