တောင်ဒဂုံမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ လူငယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၂
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦး ငမိုးရိပ်ချောင်းအတွင်းသို့ ခုန်ချသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂ရက်)၊ နံနက် ၁၁နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်ရှိ ငမိုးရိပ်တံတား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ခွင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ငမိုးရိပ်တံတားအလယ်လောက်ကနေ ငမိုးရိပ်ချောင်းထဲကိုခုန်ချသွားတာပါ။ အကြောင်း ရင်းကတော့မသိရသေးပါဘူး”ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုသားသည် အသက်(၂၃)နှစ်အရွယ်ဖြစ်ပြီး အရှေ့ဒဂုံမြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းအား ရှင်သန်ခွင့်လူမှုကူညီရေးအသင်းအပြင် အခြားလူမှုကူညီရေးအသင်းများမှ ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိုင်မြို့ပေါ်ရှိ ရဲစခန်းကို PDF အဖွဲ့ဝင် အင်အား(၅၀)ခန့်က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခြေခံပညာကျောင်းမှ ဆရာ/ဆရာမ (၁၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း