Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကျခံရမယ့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထောင်ဒဏ် ၁ နှစ်သာပြစ်ဒဏ်ကျခံဖို့ ထိုင်းဘုရင် အမိန့်ထုတ်ပြန်

ဂျန်ဇက် (NSS) - စက်တင်ဘာ ၁

ထိုင်းဘုရင်ဟာ လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို စက်တင်ဘာ ၁ ရက်မှာ ထောင်ဒဏ်လျော့ပေါ့ပေးခဲ့ကြောင်း၊ သက်ဆင်ဟာ ထောင်ဒဏ် ၈ နှစ်ကနေ ၁ နှစ်အထိ ပြစ်ဒဏ်လျော့ပေါ့ပေးခံရကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ထိုင်းဘုရင်နန်းတော်ဟာ သြဂုတ် ၃၁ ရက်က သက်ဆင်ကို ထောင်ဒဏ်လျော့ပေါ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ သက်ဆင်ဟာ ပြည်ပြေးအဖြစ် နှစ်ပေါင်းများစွာကြာ ပြည်ပနိုင်ငံမှာ နေထိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီးနောက် ၉ ရက်အကြာမှာ ထောင်ဒဏ်လျော့ပေါ့ပေးခံရတာဖြစ်ပြီး ထောင်ဒဏ် တစ်နှစ်သာ ပြစ်ဒဏ်အဖြစ် ကျခံရတော့မှာဖြစ်ကြောင်း သိရပါတယ်။


သက်ဆင်ဟာ ထိုင်းနိုင်ငံကိုပြန်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေလုပ်ခဲ့တယ်လို့စွပ်စွဲခံရကာ ထောင်ဒဏ် ၈ နှစ်အမိန့်ချမှတ်ခံရပြီး အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရကြောင်း သိရပါတယ်။ 


သက်ဆင်ဟာ ထိုင်းအကျဉ်းထောင်မှာ နေထိုင်တဲ့ ၁ရက်တာကာလအတွင်း မှာ နှလုံးရောဂါပြန်ဖြစ်လာတဲ့အတွက်အကျဉ်းထောင်ကနေ ရဲဆေးရုံကို ပို့ဆောင်ခံရပြီး ရဲဆေးရုံမှာ ကုသမှုများခံနေကြောင်းသိရပါတယ်။သက်ဆင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်းဘုရင်မင်းမြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုလျှောက်ထားမှုတွေလည်းရှိခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း ပြည်သူများနဲ့ နိုင်ငံအတွက် အကျိုးစီးပွားများစွာဖြစ်စေမယ့် အလုပ်တွေကို လုပ်ဆောင်ပေးခဲ့ခြင်းအတွက် ထောင်ဒဏ် လျော့ပေါ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင်ကလည်း အမှားယွင်းတွေလုပ်ဆောင်ခဲ့ကြောင်း ဝန်ခံထားကြောင်း ထိုင်းဘုရင်က ပြောပါတယ်။

သက်ဆင်အနေနဲ့ လက်ရှိအချိန်မှာ အသက်အရွယ်ကြီးရင့်နေပြီး သူရဲ့အတွေ့အကြုံတွေနဲ့ ထိုင်းပြည်သူတွေ၊ ထိုင်း လူ့အဖွဲ့အစည်းနဲ့ နိုင်ငံကို အကူအညီများ ဆက်လက်လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ပြစ်ဒဏ်ကိုလျော့ပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဘုရင်နန်းတော်က သတင်းထုတ်ပြန်ထားပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် အကြောင်းကြားစာပေးပို့ပြီးနောက် (၃)ရက်အကြာ၌ တီမောသံရုံးယာယီတာဝန်ခံ နိုင်ငံအတွင်းမှ ထွက်ခွာ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved