Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် အကြောင်းကြားစာပေးပို့ပြီးနောက် (၃)ရက်အကြာ၌ တီမောသံရုံးယာယီတာဝန်ခံ နိုင်ငံအတွင်းမှ ထွက်ခွာ

မျိုးကြီး (NSS) - စက်တင်ဘာ ၁

မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် အကြောင်းကြားစာပေးပို့ပြီးနောက် (၃)ရက်အကြာ၌ တီမောလက်စ်တေ့နိုင်ငံ၏ သံရုံးယာယီတာဝန်ခံသည် နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

တီမောသံရုံးယာယီတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira သည် သြဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ အ ပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက NP News ကို ပြောသည်။

“သူ(တီမော်သံရုံးယာယီတာဝန်ခံ) ပြန်သွားတာက သြဂုတ် ၂၈ ရက်နေ့မှာ ပြန်သွားပါတယ်။ ရန်ကုန်လေဆိပ် ကနေပဲ ပြန်သွားတာပါ။ ကျွန်တော်တို့က သြဂုတ် ၂၅ ရက်နေ့မှာ သူ့ကို စာပို့လိုက်ပါတယ်။ တစ်ပတ်အတွင်း ပြန်ဖို့ ဆိုပြီးတော့လေ။ ကျွန်တော်တို့ ပြောထားတာက စက်တင်ဘာ ၁ ရက်နေ့နောက်ဆုံးထားပြီး ပြန်ဖို့ပေါ့။ ဒါပေမယ့် သူက စောပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့မှာပဲ ပြန်သွားပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိက ပြော သည်။


ရန်ကုန်မြို့ရှိ တီမောလက်စ်တေ့သံရုံးမှ သံရုံးယာယီတာဝန်ခံအနေဖြင့် စက်တင်ဘာ ၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံ မှ ထွက်ခွာရန် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်နေ့၌ သံတမန်စာဖြင့် အကြောင်းကြားခဲ့သည်။

“၂၉ ရက်နေ့မှာတော့ အဲဒီ original စာကို သံရုံးယာယီတာဝန်ခံတော့ မရှိတော့ပါဘူး ဒါပေမယ့် သူ့ရဲ့အောက်က တာ ဝန်ရှိသူကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ခေါ်ပြီးတော့ အဲဒီစာကို ပေးလိုက်ပါတယ်” ဟု အထက်ပါအရာရှိက ထပ်မံပြောသည်။

မြန်မာအစိုးရအနေဖြင့် တီမောအစိုးရအား သတိပေးပြောကြားမှုများ ပြုလုပ်လျက်ရှိသည့်ကြားမှ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည့် အကြမ်းဖက်အားပေးမှုများကို ပြုလုပ်ခြင်း၊ NUG နှင့် ထိတွေ့ဆက်ဆံခြင်းများကို ပြုလုပ်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ကြောင့် ၎င်းကဲ့သို့ တီမောလက်စ်တေအစိုးရ၏ အဆင်အခြင်မဲ့သော လုပ်ရပ်များသည် နှစ်နိုင်ငံအကြားရှိ ဆက်ဆံရေးကို ထိခိုက်စေသည့်အတွက် သံရုံးယာယီတာဝန်ခံကို နိုင်ငံအတွင်းမှ နှင်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်ဂုဏ်သိက္ခာကို ထိပါးသည့်အပြင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေ၍ တီမောလက်စ်တေနိုင်ငံ သံရုံးယာယီတာဝန်ခံကို နှင်ထုတ်ခြင်းဖြစ်ကြောင်း နစကဘက်ကလည်း တုံ့ပြန်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာသံတမန်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို ထိပါးလာပါက အခြားမည်သည့်နိုင်ငံမဆို သံတမန်ရေးအရ လိုအပ်သည့်တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဟုလည်း နစကမှ သတိပေးထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒိုင်ဈေး တစ်အိတ် တစ်သိန်းခွဲအထိ မြင့်တက်ခဲ့သော ဆန်ချောဈေးပြန်ကျလာ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved