စစ်တွေဟိုတယ်အနီးရှိ သဲသောင်ပေါ်၌ စွန့်ပစ်ထားသည့် မွေးဖွားပြီးစ ကလေးငယ်အလောင်းတွေ့ရှိ
NSS - စက်တင်ဘာ ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရှိ စစ်တွေဟိုတယ်အနီးရှိ သဲသောင်ပေါ်တွင် မွေးကင်းစကလေးငယ်အလောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကလေးငယ်၏ အလောင်းအား ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်(၁ဝ)နာရီဝန်းကျင်အချိန်ခန့်တွင် စစ်တွေဟိုတယ်အနီး၌ တွေ့ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သိရသည်။
"တာဝန်ရှိတဲ့သူတွေက ကျွန်တော်တို့ကို ဖုန်းဆက်လာလို့ ကျွန်တော်တို့ သွားခဲ့ပါတယ်။ ကလေးကတော့ ဆုံးနေပါပြီ။ မြှပ်ထားခဲ့တာ ထင်တယ်။ အထုပ်တစ်ထုပ်လည်းတွေ့တယ် အဲဒီအထုပ်နဲ့ ကလေးကိုထားခဲ့တယ်လို့ တွေ့တဲ့သူတွေကပြောတယ်" ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ မွေးကင်းစကလေးအား စစ်တွေဟိုတယ်အနီးရှိ သဲသောင်ပြင်ပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကလေးမှာ ယောင်္ကျားလေးဖြစ်ကြောင်း သိရသည်။
ကလေးငယ်၏ အလောင်းအား တာဝန်ရှိသူများထံသို့ အပ်နှံခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကျခံရမယ့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထောင်ဒဏ် ၁ နှစ်သာပြစ်ဒဏ်ကျခံဖို့ ထိုင်းဘုရင် အမိန့်ထုတ်ပြန်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း