တိုင်းကျန်းမာရေးရုံးအတွင်းသို့ အကြမ်းဖက်(၂)ဦးက ဗုံးဖြင့် ဝင်ရောက်ပစ်ပေါက်တိုက်ခိုက်မှုကြောင့် နိုင်ငံ့ဝန်ထမ်း (၅)ဦး ထိခိုက်ဒဏ်ရာရ
NSS - စက်တင်ဘာ ၁
မန္တလေးတိုင်းကျန်းမာရေးဆေးရုံးအတွင်းသို့ အကြမ်းဖက်အဖွဲ့က လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီး(၅)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ(ဩဂုတ်လ ၃၁ ရက်) မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်အချိန်တွင် မန္တလေးမြို့ရှိ၊ တိုင်းကျန်းမာရေး ဆေးရုံးအတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းအစိုးရဖွဲ့ထံမှသိရသည်။
“တိုင်းကျန်းမာရေးရုံးမှာဖြစ်သွားတာပါဗျ။ ဒဏ်ရာရတဲ့သူတွေထဲကမှ ကျန်းမာရေးဝန်ထမ်းဆရာမတစ်ယောက် တော့ ဦးခေါင်းထိမှန် ဒဏ်ရာရတယ်ပေါ့နော်။ စိုးရိမ်စရာတော့မရှိပါဘူး” ဟု မန္တလေးမြို့ရှိဒေသခံလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါရုံးအတွင်းသို့ အကြမ်းဖက်သမား(၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ဝင်ရောက်လာပြီး လက်လုပ်ဗုံး (၂)လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆိုပါရုံးအတွင်းရှိ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီး(၅)ဦးမှာ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုများခံယူလျက်ရှိကြောင်း သိရသည်။
အထက်ပါ အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြင်သဘောထားကွဲလွဲမှုများကြောင့် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ဟုဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း