Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမြင်သဘောထားကွဲလွဲမှုများကြောင့် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ဟုဆို

ဂျန်ဇက် (NSS) - စက်တင်ဘာ ၁

အင်ဒိုနီးရှားစစ်တပ်အကြီးအကဲဟာ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမယ့် တရုတ်နဲ့ ရုရှားနိုင်ငံကို ဝေဖန်ပြစ်တင်တဲ့အချက်တွေ ပါဝင်နေခြင်းကြောင့် ပူးတွဲထုတ်ပြန်ချက်ထုတ်ဖို့ ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ဖို့ ရေးသားခဲ့ပြီးအဲဒီအချက်တွေထဲမှာ ရုရှား နဲ့ တရုတ်နိုင်ငံတို့ကိုဝေဖန်ထားတဲ့အချက်တွေ ပါဝင်နေရာ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး က လက်မခံတဲ့ အတွက် ပူးတွဲထုတ်ပြန်ချက်မထုတ်ပြန်နိုင်ခဲ့ကြောင်း သိရပါတယ်။ 

အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝီ ဆူဘီယာတိုက အမေရိကန်ရဲ့ထုတ်ပြန်ချက်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ရပ်တည်ချက်ကို ရည်ညွှန်းတယ်လို့ ပြောဆိုလို့မရကြောင်း၊ အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်၊ ရုရှားတို့နဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်အောင်ကြိုးပမ်းနေကြောင်း ပြောပါတယ်။ 


အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက "အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးပြီးချိန်မှာ ပူးတွဲထုတ်ပြန် ချက် မထုတ်ပြန်နိုင်ခဲ့ဘူး။ ပူးတွဲသတင်းစာရှင်းလင်းပွဲ မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံ နဲ့ အလွန် ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ ကျွန်တော်တို့ဟာ အခြားနိုင်ငံတွေကို လေးစားရမယ်၊ အပြန်အလှန် နားလည်မှုရှိရမယ်။ ကျွန်တော်တို့ဟာ တရုတ်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိနေသလို အမေရိကန်ကိုလည်း လေးစားပါ တယ်။ ရုရှားနိုင်ငံနဲ့လည်း မိတ်ဆွေဖြစ်အောင် ကြိုးပမ်းနေတယ်" လို့ ပြောပါတယ်။ 

အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဟာ လာမယ့်လတွေအတွင်းမှာ တရုတ်နဲ့ ရုရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထား ကြောင်း၊ ပြိုင်ဘက်နိုင်ငံများကြား အင်ဒိုနီးရှားနိုင်ငံက တံတားအဖြစ်ဆောင်ရွက်ပေးဖို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ကတော့ ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်ဖို့ စီစဉ်မှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိကြောင်း သိရပါတယ်။ အမေရိကန်အစိုးရကတော့ တရုတ်နဲ့ ရုရှားနိုင်ငံအပေါ် မကြာခဏ ဝေဖန်ပြစ်တင်လျက်ရှိနေတဲ့နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံအတွင်းကထွက်ဖို့ ငြင်းဆန်နေတဲ့ ပြင်သစ်သံအမတ်ကြီးကို အမြန်ဆုံးနှင်ထုတ်သွားဖို့ ရဲတပ်ဖွဲ့ကို နိုင်ဂျာစစ်အစိုးရ အမိန့်ပေး

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved