နိုင်ငံအတွင်းကထွက်ဖို့ ငြင်းဆန်နေတဲ့ ပြင်သစ်သံအမတ်ကြီးကို အမြန်ဆုံးနှင်ထုတ်သွားဖို့ ရဲတပ်ဖွဲ့ကို နိုင်ဂျာစစ်အစိုးရ အမိန့်ပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁
နိုင်ဂျာစစ်အစိုးရဟာ ပြင်သစ်သံအမတ်ကြီးအပေါ် သံတမန်ရေးအရ အကာကွယ်ပေးမှုများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး နိုင်ဂျာရဲတပ်ဖွဲ့ကိုလည်း နိုင်ဂျာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီးကို နိုင်ငံအတွင်းက အမြန်ဆုံးနှင်ထုတ်သွားဖို့ အမိန့်ပေးလိုက်ကြောင်း သိရပါတယ်။
နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ဂျာစစ်အစိုးရဟာ ပြင်သစ်သံအမတ်ကြီး Sylvain Itte ကို နိုင်ငံအတွင်းကနေ ၄၈ နာရီအတွင်း အမြန်ဆုံးထွက်ခွာသွားဖို့အမိန့်ပေးခဲ့ပေမယ့် ပြင်သစ်သံအမတ်ကြီးက နိုင်ငံ အတွင်းက ထွက်ခွာခြင်းမရှိဘဲ ပြင်သစ်နိုင်ငံမှာ ဆက်လက်နေထိုင်နေကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီးဌာနက နိုင်ဂျာစစ်အစိုးရဟာ ရွေးကောက်ခံအစိုးရမဟုတ်တဲ့အတွက် ပြင်သစ်သံအမတ်ကြီးကို နှင်ထုတ် ဖို့ အခွင့်အာဏာမရှိကြောင်း ပြောထားပါတယ်။
နိုင်ဂျာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်သံရုံးရှိ သံတမန်များကို သံတမန်ရေးအရအကာက ကွယ်ပေးမှုများ ပြန်ရုတ်သိမ်းလိုက်ကြောင်း၊ သံအမတ်ကြီးဟာ ပျော်ရွှင်စွာနဲ့ နေထိုင်ရတော့မှာမဟုတ်ကြောင်း ဆိုပါတယ်။ နိုင်ဂျာ နိုင်ငံမှာ ဇူလိုင် ၂၆ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ဂျာစစ်အစိုးရဟာ ပြင်သစ်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ ဒါပေမယ့် ပြင်သစ်သံအမတ်ကြီးက နိုင်ဂျာစစ်အစိုးရနဲ့တွေ့ဆုံရမယ့်ကိစ္စကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။
နိုင်ဂျာစစ်အစိုးရက ပြင်သစ်အစိုးရဟာ နိုင်ဂျာနိုင်ငံရဲ့အကျိုး စီးပွားကိုထိခိုက်အောင်လုပ်ဆောင်နေခြင်းအတွက် သံအမတ်ကြီးကို နှင်ထုတ်ရခြင်းဖြစ်ကြောင်း ပြောပါတယ်။ ပြင်သစ်အစိုးရကိုယ်တိုင်ကလည်း နိုင်ဂျာနိုင်ငံရှိ ပြင်သစ်သံတမန်အားလုံးကို ပြန်လည်ခေါ်ယူဖို့ ငြင်းဆန်ထားကြောင်း သိရပါတယ်။ နိုင်ဂျာစစ်အစိုးရဟာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်သီတင်းပတ်အနည်းငယ်အကြာမှာ ပြင်သစ်နဲ့ချုပ်ဆိုထားတဲ့ ကာကွယ်ရေးသဘောတူညီ စာချုပ်များကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ- လာအိုနှစ်နိုင်ငံအကြား သာသနာရေးဆိုင်ရာများ ပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း