မြန်မာ- လာအိုနှစ်နိုင်ငံအကြား သာသနာရေးဆိုင်ရာများ ပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
ယွန်း (NSS) - စက်တင်ဘာ ၁
မြန်မာ-လာအိုနှစ်နိုင်ငံအကြား သာသနာရေးဆိုင်ရာပြန့်ပွားရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမြတ်သက်ဦးက သြဂုတ် (၃၁)ရက်တွင် လာအိုနိုင်ငံ၊ Lao Front for National Development ၏ ဒုတိယဥက္ကဋ္ဌနှင့် လာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဖြစ်သူ H.E. Mr. Chanthavong Seneamatmontry နှင့် သွားရောက်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား သာသနာရေးဆိုင်ရာ ထွန်းကားပြန့်ပွားရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်နိုင်မည့် ကိစ္စရပ်များအပေါ်ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် နယ်စပ်ဆက်ဆံရေးရုံးများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးကိုလည်း ပြီးခဲ့သည့် သြဂုတ်လက နှစ်နိုင်ငံ ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာ-လာအိုနှစ်နိုင်ငံ ကုန်သွယ်မှုပိုမိုတိုးမြင့်နိုင်သည့် တာချီလိတ်ခရိုင် ကျိုင်းလပ်နယ်စပ်ကုန်သွယ် ရေးစခန်းကို ပြီးခဲ့သည့် သြဂုတ်လ(၂၆)ရက်က အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။
မြန်မာနှင့် လာအိုနိုင်ငံတို့သည် လွန်ခဲ့သည့်နှစ်များစွာကပင် ချစ်ခင်ရင်းနှီးခဲ့ကြသည့်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအနေဖြင့် ရိုးရာဓလေ့၊ ယဥ်ကျေးမှုနှင့် ကိုးကွယ်ရာဘာသာများလည်း တူညီမှုရှိကြသည်။
သို့သော် မဲခေါင်မြစ်ပိုင်ခြားထားမှုကြောင့် ယခင်က နှစ်နိုင်ငံကုန်သွယ်မှုဖွံ့ဖြိုးခဲ့ခြင်းမရှိခဲ့သော်လည်း မြန်မာ- လာအိုချစ်ကြည်ရေးတံတား တည်ဆောက်ပြီးနောက် နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားတွင် (၃)နှစ်ထက်ပို၍ တရားဝင်အလုပ်လုပ်ခဲ့သည့် မြန်မာလုပ်သားများ ထပ်မံသွားရောက်နိုင်ရေးအတွက် CBT စနစ်ဖြင့် ကိုရီးယားစာမေးပွဲကျင်းပမည်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း