Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှင်ထုတ်ခံရသော်လည်း နိုင်ဂျာတွင် ပြင်သစ်သံအမတ် ဆက်ရှိနေဟုဆို

Htay Oung (NSS) - ဩဂုတ် ၃ဝ

၄၈ နာရီအတွင်း ထွက်ခွာသွားဖို့ စစ်ဘက်အုပ်ချုပ်သူများရဲ့ ရာဇသံကို ဖီဆန်နေတဲ့ နိုင်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီးဟာ အဲဒီအနောက်အာဖရိကနိုင်ငံမှာပဲ ဆက်လက်နေထိုင်မြဲဖြစ်ပါတယ်။ နိုင်ဂျာနိုင်ငံခြားရေး၀န်ကြီးရဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ငြင်းဆိုခဲ့တဲ့အပြင် နိုင်ဂျာရဲ့ အကျိုးစီးပွားကိုဆန့်ကျင်တဲ့ ပြင်သစ်အစိုးရရဲ့လုပ်ရပ်တွေကြောင့် သံအမတ်ကြီး ဆယ်လ်ဗန်အစ်ကို နိုင်ငံအတွင်းမှ ထွက်ခွာသွားဖို့ တောင်းဆိုလိုက်တယ်လို့ လွန်ခဲ့တဲ့ သြဂုတ်လ ၂၅ ရက် နိုင်ဂျာ အမိမြေကာကွယ်ရေးစောင့်ရေး အမျိုးသားကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း CNN က ယနေ့(ဩဂုတ်လ ၃ဝ ရက်) မှာရေးသားပါတယ်။


ပြင်သစ်ကိုလိုနီဖြစ်ခဲ့စဉ် မာလီနိုင်ငံမှာ မွေးဖွားခဲ့သူ အသက် ၅၄ နှစ်အရွယ် ဆူလဗန်အစ်ဟာ အသက် ၆ နှစ်အရွယ်ထိ အာဖရိကနိုင်ငံများမှာ လှည့်လည်နေထိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ နိုင်ဂျာမှာ သံအမတ်ကြီး အဖြစ်တာ၀န် ထမ်းဆောင်ခြင်းမတိုင်မီ တောင်အမေရိကတိုက်နိုင်ငံများ၊ အာဖရိက ကင်မရွန်းနဲ့ အင်ဂိုလာနိုင်ငံတို့ရှိ ပြင်သစ်ကောင်စစ်ရုံးအတွက် ခန့်အပ်ခြင်းခံခဲ့ရဖူးသူဖြစ်ပါတယ်။

နိုင်ဂျာစစ်အစိုးရရဲ့ရာဇသံသတ်မှတ်ချိန် ကျော်လွန်သွားပေမယ့် သံအမတ်ကြီး ဆူလဗန်အစ်အနေနဲ့ ထွက်ခွာပေးဖို့ မရှိကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်က တနင်္လာနေ့မှာ ပြောပါတယ်။ နိုင်ဂျာအပေါ်ထားရှိတဲ့ ပြင်သစ်ရဲ့မူဝါဒဟာ မှန်ကန်ကြောင်း၊ တရား၀င် မဟုတ်သူ အာဏာပိုင်တို့ရဲ့ ကြေညာ ချက်အမျိုးမျိုးနဲ့ ဖိအားပေးမှု အမျိုးမျိုးကြားမှ ဆက်လက်နေထိုင်သူတို့ဟာ သံတမန်လုပ်ထုံး လုပ်နည်းများအပေါ် အခြေခံထားတယ်လို့ ပြင်သစ်သံမတ်ကြီးများတက်ရောက်တဲ့ ကွန်ဖရင့်မှာ မက်ခွန်က ရှင်းပြပါတယ်။ 

ပြင်သစ်အနေနဲ့ နိုင်ဂျာစစ်အာဏာပိုင်များကို အသိအမှတ် ပြုခြင်း မရှိကြောင်း၊ ပြီးခဲ့တဲ့လ အာဏာသိမ်းမှုနဲ့ ဖြုတ်ချခံခဲ့ရသူ သမ္မတ မိုဟာမက်ဘဇွမ်းသာလျှင် နိုင်ဂျာရဲ့ တစ်ခုတည်းသော တရားဝင် အာဏာပိုင်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ ဘဇွမ်းနည်းတူ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသူများအပေါ် ထောက်ခံရာမှာ ပြင်သစ်ရဲ့ရပ်တည်ချက်ဟာ ရှင်းလင်းပြတ်သားပြီး ကြောင်းကျိုးဆီလျော်ကြောင်း၊ ဒီလို ခိုင်မာမှုမရှိရင် အာဏာသိမ်းကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ဆာဟဲဒေသ အာဖရိကန်လုပ်ဖော်ကိုင်ဖက်များအနေနဲ့ ပါရီအပေါ်တစ်စက်မှ ယုံကြည်ကြတော့မှာ မဟုတ်ကြောင်း၊ ပြင်သစ်ကသာ ၀င်ရောက်စွက်ဖက်မှု မလုပ်ခဲ့ရင် အာဖရိကနိုင်ငံတွေရဲ့ နယ်နိမိတ်ဟာ ယခုအတိုင်းတောင် ရှိနေမှာ မဟုတ်ကြောင်း သမ္မတမက်ခွန်က ပြောပါတယ်။

ပါရီရဲ့ ဆာဟဲဒေသ အဓိက မိတ်ဖက်ဖြစ်ခဲ့တဲ့ နိုင်ဂျာမှာ ပြင်သစ်စစ်သား ၁,၅၀၀ အထိ တပ်စွဲထားဆဲဖြစ်ပါတယ်။

သံအမတ်ကြီးကို နှင်ထုတ်လိုက်တဲ့ နိုင်ဂျာရဲ့ အပြုအမူဟာ လက်ရှိအကျပ်အတည်းအပေါ် သံတမန်နည်းလမ်းအရ အဖြေရှာဖို့အတွက် ဘယ်လိုမှ အထောက်အကူမဖြစ်တဲ့အပြင် ရန်စရာ ရောက်နေတယ်လို့ တနင်္လာနေ့မှာ ဥရောပသမဂ္ဂက ပြောပါတယ်။ ယခင်ဖော်ပြထားတဲ့အတိုင်း နိုင်ဂျာမှာ အင်အားအသုံးပြုခြင်းနည်းလမ်းနဲ ပေါ်ပေါက်လာတဲ့ အာဏာပိုင်များကို အီးယူအနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ဖူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လ နိုင်ဂျာအာဏာသိမ်းမှုအပြီးတည်းက ပြင်သစ်နဲ့ အီးယူတို့က အာဖရိဆာဟဲဒေသ နိုင်ငံအပေါ် ငွေကြေးအကူအညီများ ဆိုင်းငံ့ခြင်းအပါအဝင် ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။

တနင်္ဂနွေနေ့ နိုင်ဂျာ အနောက်တောင်ဘက် တီလာဘာရီနဲ့ တောင်ဘက် မာရဒီမြို့တစ်ဝှိုက် ဒေသများမှာ ရာနဲ့ချီတဲ့ နိုင်ဂျာဆန္ဒပြသူတွေဟာ အာဏာသိမ်းအစိုးရနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ လမ်းများ ပေါ်ကို ထွက်လာခဲ့ကြပါတယ်။ 

အလားတူ အိမ်နီးချင်း ဘီနင်နဲ့ ဘူကီနာဖာဆိုနိုင်ငံတို့မှာလည်း စစ်အစိုးရလိုလားတဲ့ နိုင်ငံသားအများစု ဆန္ဒပြသူတို့က နိုင်ဂျာရဲ့ စစ်ဘက်အုပ်ချုပ်ရေးအပေါ် ထောက်ခံကြောင်း လမ်းများပေါ် စုရုံးကြွေးကြော်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ 

ဘဇွမ်းကို ပြန်လည်တင်မြှောက်ရေးကိစ္စနဲ့ စစ်ရေး ဝင်ရောက်စွက်ဖက်ရလိမ့်မယ်လို့ ECOWAS ခေါ် အနောပြ အာဖရိကနိုင်ငံများအဖွဲ့က ခြိမ်းခြောက်နေပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် နိုင်ဂျာကို စစ်ရေးအကူအညီပေးမယ်လို့ အိမ်နီးချင်း မာလီနဲ့ ဘူကီနာဖာဆို စစ်အစိုးရတို့က အခိုင်အမာ ကတိပြုထားကြပါတယ်။ 

ဆာဟဲဒေသ အစ္စလာမ်မစ် ဘာသာရေးအစွန်းရောက် အကြမ်းဖက်များကို ချေမှုန်းရေး အကြောင်းပြချက်နဲ့ နိုင်ဂျာနိုင်ငံအတွင်းမှာ ပြင်သစ်စစ်သားတို့အပြင် အမေရိကန်စစ်သား ၁၀၀၀ ခန့်လည်း ရှိနေပါတယ်။ (လွန်ခဲ့ တဲ့ ၃-နှစ်အတွင်း အာဖရိကတိုက် ၇-နိုင်ငံမှာ အာဏာသိမ်းမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၆ ကြိမ်မှာ အာဏာသိမ်းမှု အထမြောက်အောင်မြင်ခဲ့ပါတယ်။)။ 

၂၀၂၀ ခုနှစ် မေလ မာလီနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်သူလူထုအတွင်း ကိုလိုနီအရှင်သခင်ဟောင်း ပြင်သစ်အပေါ် ဆန့်ကျင်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၂၂-ခုနှစ် ဒီဇင်ဘာလမှာ ပြင်သစ်သံအမတ်ကို မာလီက မောင်းထုတ်တဲ့အပြင် အာဖရိက တတိယ ရွှေသတ္တုတူးဖော်မှု အများဆုံး နိုင်ငံအတွင်းမှ ကုလငြိမ်း ချမ်းရေးတပ်များအပါ၀င် အနောက်အုပ်စု အကြမ်းဖက်နှိမ်နင်းရေးတပ်များအားလုံး ထွက်ခွာသွားကြဖို့ တောင်းဆိုခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ဇူလိုင်လ ၂၆ ရက် နိုင်ဂျာနိုင်ငံမှာ သမ္မတ မိုဟာ မက်ဘဇွမ်းကို စစ်တပ်က ဖြုတ်ချခြင်းဟာ နောက်ဆုံး အာဏာသိမ်းမှုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ယူရေနီယံသတ္ထုသိုက်တည်ရှိရာနိုင်ငံအတွင်း အမေရိကန်နဲ့ ပြင်သစ်တို့အတွက် နောက်ဆုံး ခြေကုပ်ဟာ မရေမရာဖြစ်လာခဲ့ပါတယ်။ ပြင်သစ်ဟာ နိုင်ဂျာ၊ မာလီ၊ ဘူကီနာဖာဆို၊ ချဒ်နဲ့ မော်ရီတေးနီးယားတို့မှာ လှုပ်ရှားနေတဲ့ အစ္စလာမ်မစ် သောင်းကျန်းသူများကို နှိမ်နင်းရန် ဆယ်စုနှစ်ကြာ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပြီး အဆိုးဝါးဆုံးနေရာများမှာ ပြင်သစ်စစ်သား ၅၅၀၀ ခန့်အထိ ရှိခဲ့ဖူးပါတယ်။ 

ဒါပေမယ့် ပြင်သစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ကန့်ကွက်ဆန္ဒ ပြမှုတွေဟာ မကြာသေးမီက ပိုမိုပြင်းထန်လာခဲ့ပြီး ပြင်သစ်ရဲ့ စွက်ဖက်မှုဟာ ခေတ်သစ်ကိုလိုနီပြုမှုပုံစံဖြစ်တယ်လို့ အတိုက်အခံအချို့က မကျေမနပ်ဖြစ်နေကြပါတယ်။ ပြင်သစ်တပ်များအနေနဲ့ ဂျီဟတ်ဝါဒီတို့ရဲ့ ခြိမ်းခြောက်မှုကို မဖယ်ရှားနိုင်ခဲ့ကြောင်း၊ သူတို့ရဲ့ တိုက်ခိုက်မှုတွေဟာ ဒေသခံ လူ့အသိုင်းအဝိုင်းများအပေါ် အသေအပျောက်များယုံပဲ အဖတ်တင်တယ်လို့ ပြောဆိုကြပါတယ်။ အစ္စလာမ်မစ် စစ်သွေးကြွများကို တိုက်ထုတ်ဖို့အတွက် ရုရှား၀က်ဂ်နာကြေးစားစစ်တပ်ထံမှ အကူအညီ ရယူလိုကြတယ်လို့ BBC က ယမန်နေ့ ရေးသားပါတယ်။

နိုင်ဂျာအာဏာသိမ်းမှုဟာ အာဖရိကတိုက် ကိုလိုနီခေတ်လွန်ကာလ ပြင်သစ်သြဇာလွှမ်းမိုးမှု နိဂုံးချုပ်ဖြစ်နေပါတယ်။ အဲ့ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ဂျာနဲ့ ဒေသဆိုင်ရာ အစုအဖွဲ့တို့အကြား စစ်ဖြစ်နိုင်ခြေမှာလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ ဘယ်နေ့ ဘယ်နေရာ ဘယ်အချိန်မှာ စစ်ရေး စွက်ဖက်မှု စတင်မှာဖြစ်ကြောင်း ECOWAS က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး၊ နိုင်ဂျာကတော့ ခုခံကာကွယ်ရေးအတွက် ပြင်ဆင်နေပြီး အိမ်နီးချင်း မာလီ-ဘူကီနာဖာဆိုနိုင်ငံတို့ကို စစ်ရေးအကူအညီတောင်းခံထားပါတယ်။ ဒါပေမယ့် အဲ့ဒီနိုင်ငံတွေအားလုံး ပြည်တွင်းလုံခြုံရေး စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။

တစ်ဖက်မှာလည်း ECOWAS ၁၅ နိုင်ငံအနက် နိုင်ဂျာအုပ်စု ၄ နိုင်ငံကို နှုတ်ပယ်လျှင် ကျန် ၁၁-နိုင်ငံမှာ စစ်သား အင်အား ၄၅၀,၀၀၀ ခန့် ရှိပါတယ်။ အဲ့ဒီ အရေအတွက် ထက်၀က်ခန့်ဟာ တောင်ဘက် အိမ်နီးချင်း နိုင်ဂျီးရီးယားနိုင်ငံဖြစ်ပြီး နိုင်ဂျာဆန့်ကျင်ရေးအတက်ကြွဆုံးဖြစ်တဲ့ အဲ့ဒီနိုင်ငံကိုယ်တိုင် အယ်လ်ကိုင်ဒါ ဒေသန္တရ အဖွဲ့ခွဲ “ဘိုကိုဟာရမ်“ အစွန်းရောက်တို့ရဲ့ အကြမ်းဖက်မှုများနဲ့ အလူးအလဲဖြစ်နေတယ်လို့ AP က ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်)မှာ ရေးသားပါတယ်။

ဒါပေမယ့် ECOWAS ရဲ့ စစ်ရေးစွက်ဖက်မယ့် အစီအစဉ်ကို ပြင်သစ်က ထောက်ခံထားပြီး နိုင်ဂျာနိုင်ငံမှာ ဖွဲ့ စည်းပုံဥပဒေနဲ့အညီဖြစ်ရေး ဆောင်ရွက်မှုမှန်သမျှကို ထောက်ခံမယ်လို့ အမေရိကန်ကလည်း ပြောဆိုထားပါတယ်။

(CNN.,30 August 2023,” French ambassador in Niger stays put, defies junta’s deadline to quit the country” #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းနိုင်ငံမှာ စစ်အာဏာအသိမ်းခံရတဲ့နေ့ရက်တွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဖြူထိုင်းပါတီ ပြော

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved