ထိုင်းနိုင်ငံမှာ စစ်အာဏာအသိမ်းခံရတဲ့နေ့ရက်တွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဖြူထိုင်းပါတီ ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၃ဝ
ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းခံရတဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ဖြူထိုင်းပါတီရဲ့ ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Sutin Klungsang က ပြောပါတယ်။
ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းခံရမှုကို ရက်ပေါင်းများစွာကြာဖြတ်သန်းခဲ့ရကြောင်း၊ လက်ရှိအချိန်မှာတော့ စစ်အာဏာအသိမ်းခံရမှုနေ့ရက်တွေ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ Sutin Klungsang ဟာ ထိုင်းအစိုးရအဖွဲ့အသစ်မှာ ကာကွယ်ရေးဝန်ကြီးအသစ် ရယူဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။
Sutin Klungsang ဟာ ထိုင်းစစ်ဘက်အရာရှိကြီးများရဲ့အကြံပေးအဖြစ်တာဝန်ယူခဲ့ဖူးပြီး လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရဲ့အရေးကြီးဆုံးဝန်ကြီးဌာနတစ်ခု ဖြစ်တဲ့ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် တာဝန်ယူဖွယ်ရှိနေကြောင်း သိရပါတယ်။ ၎င်းက "အစိုးရအဖွဲ့အသစ်အမည်စာရင်းကို တရားဝင်ကြေညာပြီးချိန်အထိ စောင့်ဆိုင်းကြပါ" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း စုစည်းညီညွှတ်မှုများ ဖြစ်အောင်လုပ်ဆောင်ဖို့ နိုင်ငံသားတိုင်းရဲ့ ဦးစားပေးဖြစ်သင့်ကြောင်း Sutin Klungsang က ပြောပါတယ်။ ဖြူထိုင်းပါတီ နဲ့ ထိုင်းစစ်တပ်ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုရာမှာ Sutin Klungsang က အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုများအနက် နောက်ဆုံးနှစ်ကြိမ်မှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာ ဖြူထိုင်းပါတီ ဝန်ကြီးချုပ်တွေ ထံကနေ အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။
၂ဝဝ၆ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာ ဖြူထိုင်းပါတီဝန်ကြီးချုပ် သက်ဆင်ထံကနေ သိမ်းယူခဲ့ခြင်းဖြစ် ပြီး ၂ဝ၁၄ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုက သက်ဆင်ရဲ့ညီမဖြစ်သလို ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်တစ်ဦး ဖြစ်တဲ့ ယင်လပ်ထံကနေ အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။ ဖြူထိုင်းပါတီဒုတိယခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Sutin Klungsang က ထိုင်းစစ်သားတိုင်းဟာ နောက်ထပ် စစ်အာဏာသိမ်းမှုမျိုးထပ်ဖြစ်ပွားမှာ မလိုလားဘူးလို့ ယုံကြည် ကြောင်းပြောပါတယ်။
၎င်းက "ထိုင်းနိုင်ငံမှာ လက်ရှိအချိန်က စတင်ပြီး စစ်အာဏာသိမ်းတာမျိုးထပ်မံမရှိသင့်တော့ဘူး၊ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းခံရတဲ့ နေ့ရက်တွေ ပြီးဆုံးသွားပြီလို့ ယုံကြည်ထားတယ်" လို့ ပြောပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးရာထူးကို စစ်တပ်က မဟုတ်ဘဲ အရပ်သားတွေ ရယူခဲ့ဖူးပြီး ဝန်ကြီးချုပ်ဟောင်းယင်လပ်၊ Samak Sundaravej နဲ့ Chuan Leekpai တို့ဟာ ကာကွယ်ရေးဝန်ကြီးတာဝန်တွေကို ရယူခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာလုပ်သားများ၏လုပ်ငန်းခွင်ပြဿနာကို တာဝန်ယူစေလွှတ်လိုက်သည့် အေဂျင်စီများအနေဖြင့် ရက်ပေါင်း ၃၀ အတွင်းသွားရောက်ဖြေရှင်းပေးရန် ညွှန်ကြား
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ