ရွှေဘိုမြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ၌သိုဝှက်ထားသည့် PDF အဖွဲ့၏ လက်နက်၊ ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိဟု နစကထုတ်ပြန်
NSS - ဩဂုတ် ၃၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်းမှ PDF အည်ခံအကြမ်းဖက်အဖွဲ့က သိုဝှက်ထားသည့် လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ (ဩဂုတ်လ ၂၉ရက်)တွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်းများသည် ယမန်နေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာအနီး ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အအုံအတွင်းသို့ အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံများ၏ သတင်း ပေးချက်များအရ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ ၎င်းအဆောက်အအုံအတွင်းမှ Super Custom ကားတစ်စီး၊ ဆိုင်ကယ်(၃)စီးနှင့်အတူ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်လုပ်သေနတ်တစ်လက်၊ မိုင်း(၉)လုံး၊ ပြောက်ကျားယူနီဖောင်းများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါသိမ်းဆည်းရမိ ပစ္စည်းများအား သက်ဆိုင်ရာသို့ အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှု မရှိစေရေးနှင့် တရာဥပဒေစိုးမိုးရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှင်ထုတ်ခံရသော်လည်း နိုင်ဂျာတွင် ပြင်သစ်သံအမတ် ဆက်ရှိနေဟုဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း