ရွှေကျင်မြို့ရှိ "ရွှေတောင်ဦးဘုရား" ဂေါပကအဖွဲ့ဥက္ကဋ္ဌ၏ နေအိမ်ဈေးဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွား
NSS - သြဂုတ် ၂၉
ပဲခူးတိုင်း၊ ရွှေကျင်မြို့ နယ်ရှိ "ရွှေတောင်ဦးဘုရား" ဂေါပကအဖွဲ့ဥက္ကဋ္ဌ၏ နေအိမ်ဈေးဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ(၂၆)ရက်၊ ည(၉)နာရီအချိန်ခန့်တွင် ရွှေကျင်မြို့နယ်၊ ပန်းပဲတန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပန်းပဲတန်းရပ်ကွက်၊ မင်းလမ်းတွင်နေထိုင်သည့် "ရွှေတောင်ဦးဘုရား" ဂေါပကအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဦးမောင်ပုံ(၅၅)နှစ်၏ နေအိမ်ဈေးဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ နေအိမ်ဈေးဆိုင်၏ အနောက်ဘက် သံပန်းတံခါးအနီးတွင် အကြမ်းဖက်များက လက်လုပ်ရီမုမိုင်းတစ်လုံးထောင်ကာ ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပေါက်ကွဲမှုကြောင့် သံပန်းတံခါး (၁)ပေပတ်လည်ခန့်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်မျာက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအတွက် အမေရိကန်နိုင်ငံ၏ နျူကလီးယားလက်နက်များကို လိုအပ်ကြောင်း ဂျပန်ဗိုလ်ချုပ်ကြီးပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း