Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအတွက် အမေရိကန်နိုင်ငံ၏ နျူကလီးယားလက်နက်များကို လိုအပ်ကြောင်း ဂျပန်ဗိုလ်ချုပ်ကြီးပြော

Pika (NSS) - ဩဂုတ် ၂၉

ဂျပန်နိုင်ငံသည် ၎င်း၏ကိုယ်ပိုင်လုံခြုံရေးကို မြှင်တင်လိုပါက ပြည်တွင်းလက်နက်ကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဂျပန်ထိပ်တန်းဗိုလ်ချုပ်ကြီး ယိုရှီဟီဒဲယိုရှိဒါက ပြောကြားခဲ့သည်။


ထို့ပြင် ဂျပန်နိုင်ငံသည် ဒေသတွင်းပြိုင်ဖက်များ၏ ခြိမ်းခြောက်မှုများကို ဟန့်တားရန်အတွက် အမေရိကန်၏ နျူကလီးယားလက်နက်များကို အားကိုးနေရကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ ယိုရှီဟီဒဲယိုရှီဒါသည် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးလိုအပ်ချက်များကို ပြောဆိုခဲ့ပြီး ဂျပန်နှင့်အမေရိကန်နိုင်ငံတို့၏ နီးကပ်သော စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ထောက်ပြပြောဆိုခဲ့ကြောင်းသိရသည်။

၎င်းက"ကျွန်တော်တို့ရဲ့ လက်ရှိစွမ်းဆောင်နိုင်မှုတွေနဲ့ ဂျပန်နိုင်ငံရဲ့လုံခြုံရေးကို ထိန်းသိမ်းဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုမိုအားကောင်းလာအောင် လုပ်ဖို့လိုအပ်ပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေ၊ မဟာဗျူဟာမြောက်နည်းဗျူဟာတွေ အပါအဝင် ဟန့်တားနိုင်စွမ်းတွေကို ဆက်ထိန်းထားဖို့လိုအပ်ပါတယ်၊"ဟု ပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံတွင် အမေရိကန်၏ နျူကလီးယားလက်နက်များဖြန့်ကျက်ချထားစေရန်အတွက် အမေရိကန်နိုင်ငံနှင့် ဆယ်စုနှစ်ကျော်ကြာ ဆွေးနွေးခဲ့ပြီး ပြီးခဲ့သည့်ဇွန်လတွင် သတင်းအချက်အလက်မျှဝေခြင်း၊ပူးတွဲလေ့ကျင့်မှုများ၊ ဒုံးကျည်များဖြင့် ခြိမ်းခြောက်မှုများကို ပူးတွဲတုံ့ပြန်ခြင်းတို့အတွက် သဘောတူညီချက်တစ်ခုရရှိခဲ့ကြောင်း ယိုရှီဟီဒဲယိုရှီဒါက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် သမိုင်းတစ်လျှောက် အဏုမြူလက်နက်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသည့် တစ်ခုတည်းသော နိုင်ငံလည်းဖြစ်သည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ(၆)ရက်တွင် အမေရိကန်လေတပ်မှ ဗုံးကြဲ လေယာဉ်တစ်စင်းသည် ဟီရိုရှီးမားမြို့ကို နျူကလီးယားဗုံးတစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း(၁၂၆၀၀၀)သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်းသိရသည်။ ဩဂုတ်လ(၉)ရက်တွင် နာဂါစကီမြို့ကို နောက်ထပ်နျူကလီးယားဗုံးတစ်လုံးပစ်ချတိုက်ခိုက်ခံခဲ့ရပြီး လူပေါင်း(၈)သောင်းကျော်သေဆုံးခဲ့သည်။

ဂျပန်နိုင်ငံသည် ၎င်း၏မိတ်ဖက်နိုင်ငံများနှင့်အတူ မြောက်ကိုရီးယားနှင့်တရုတ်တို့၏ ရန်စမှုများကို သတိပေးကာ တရားဥပဒေစိုးမိုးရေးအပေါ် အခြေခံသည့် နိုင်ငံတကာအမိန့်များကို ဆက်လက်ထိန်းသိမ်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယိုရှီဟီဒဲယိုရှီဒါက ပြောကြားခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံ ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများကြောင့် ပြည်သူလူထုသည် စစ်အသုံးစရိတ်တိုးမြှင့်ခြင်းနှင့် ပိုမိုကောင်း မွန်သော တန်ပြန်တိုက်ခိုက်နိုင်စွမ်းများကို မြှင့်တင်ရန် ထောက်ခံနေကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆီးရီးယားနိုင်ငံတွင် တပ်ဖွဲ့များကို ဆက်လက်ထားရှိသွားမည်ဟု အမေရိကန်စစ်ဘက်ပြော

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved