Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီးရီးယားနိုင်ငံတွင် တပ်ဖွဲ့များကို ဆက်လက်ထားရှိသွားမည်ဟု အမေရိကန်စစ်ဘက်ပြော

Pika (NSS) - ဩဂုတ် ၂၉

ဆီးရီးယားနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များကို  ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက ပြောကြားခဲ့သည်။


ဆီးရီယားနိုင်ငံအတွင်း ကျန်ရှိနေသော ISIS စစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ရန်အတွက် အမေရိကန်တပ်ဖွဲ့များကို ဆက်လက်ထားရှိရခြင်းဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့များထားရှိခြင်းသည် တရားမဝင်ခြင်းကြောင့် နိုင်ငံတွင်းရှိ တပ်ဖွဲ့များကို ပြန်လည်ရုတ်သိမ်းရန် အမေရိကန်ကို ဆီးရီးယားအစိုးရက အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်းသိရသည်။ ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက"အမေရိကန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသကနေ ဘယ်တော့မှ ထွက်ခွါသွားမှာ မဟုတ်ပါဘူး။ အမေရိကန်တပ်ဖွဲ့တွေဟာ ဒီနေရာမှာ ဆယ်စုနှစ်ပေါင်းများစွာ ဆက်ရှိနေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆီးရီးယားနဲ့ အီရတ်တို့မှာ ISIS စစ်သွေးကြွအဖွဲ့တွေ ရှိနေပါသေးတယ်။ ကျွန်တော်တို့ တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းလိုက်မယ်ဆိုရင် စစ်သွေးကြွအဖွဲ့တွေဟာ ပြန်လည်ထကြွလာပါလိမ့်မယ်။"ဟုပြောဆိုခဲ့သည်။

ထို့ပြင် ဆီးရီးယားနိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ရုတ်သိမ်းသွားခြင်း ရှိ/မရှိဆိုသည့်အချက်သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အပေါ် မူတည်ကြောင်း မာ့ခ်မီလီကပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံရှိ စစ်သွေးကြွအဖွဲ့များကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပါက အမေရိကန်တပ်ဖွဲ့များ နိုင်ငံတွင်းမှ ထွက်သွားခြင်း ရှိ/မရှိ မေးခံရသည့်အချိန်တွင် မာ့ခ်မီလီက ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက" ရေနံတွေနဲ့ စွမ်းအင် အရင်းအမြစ်တွေကြောင့်တင် မဟုတ်ဘဲ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးဟာ အခြားအကြောင်းအရာတွေများစွာကြောင့် အမေရိကန်အတွက် အရေးကြီးတာပါ။"ဟုပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံသည်  အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးများလုပ်ဆောင်နေသည့်ပုံစံဟန်ဆောင်ကာ နိုင်ငံတွင်းမှ ရေနံများကို ခိုးယူနေကြောင်း ဆီးရီးယားအစိုးရက အကြိမ်ကြိမ်စွပ်စွဲပြောဆိုခဲ့သည်။ ဆီးရီးယားအစိုးရ၏အဆိုအရ အမေရိကန်တပ်ဖွဲ့များနှင့် ၎င်းတို့ထောက်ပံ့ပေးထားသော လက်နက်ကိုင်အဖွဲ့များသည် နိုင်ငံ၏ နေ့စဉ်ရေနံထွက်ရှိမှု၏ (၈၀)ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ခိုးယူသယ်ဆောင်နေကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စားသုံးဆီများကို လက်လီဈေးကွက်၌ မြင့်မားသောဈေးနှုန်းများဖြင့် ရောင်းချသည့်ဆိုင်များကို သတင်းပေးတိုင်ကြားရန် ဖိတ်ခေါ်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved