Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှားပါးမျိုးစိပ်အနေဖြင့် (၇၆)ကောင်သာရှိတော့သည့် ဧရာဝတီလင်းပိုင်များကို ရှော့တိုက်ဖမ်းဆီးနေမှုများမှကာကွယ်ပေးရန် လိုအပ်နေ

ယွန်း (NSS) - သြဂုတ် ၂၉

ရှားပါးမျိုးစိပ်ဖြစ်သည့် ဧရာဝတီလင်းပိုင်းများကို ဘတ္ထရီဖြင့် ရှော့တိုက်ဖမ်းဆီးမှုများရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။


ဘတ္ထရီရှော့တိုက်မှုကြောင့် သေဆုံးသည်ဟု ယူဆရသည့် ဧရာဝတီလင်းပိုင်အမတစ်ကောင်ကို ပြီးခဲ့သည့် သြဂုတ်လ(၂၆)ရက်က ညောင်ဦးမြို့နယ်၊ ရွာသာအုပ်စု၊ မြို့လှကျေးရွာအနီးရှိ ကြအို၊ ပျော်ဘွယ်ရိုးပျော်ဘွယ် တင်ဒါနယ်နိမိတ်အတွင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသများသည် လင်းပိုင်များ ကျက်စားရာဒေသမဟုတ်ခြင်းကြောင့် ၎င်းသေဆုံးမှုနှင့် ပတ် သက်၍ သက်ဆိုင်တာဝန်ရှိသူများက စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ငါးလုပ်ငန်းဦး စီးဌာနမှ သိရသည်။

"ဒဏ်ရာဒဏ်ချက်တော့မတွေ့ဘူး။ ဘတ္ထရီရှော့တိုက်တာလည်းဖြစ်နိုင်သလို အုပ်စုကွဲပြီးတော့ အစာငတ်ပြီးသေတယ်လို့တော့ ဌာနကသုံးသပ်ပြီးတင်ပြလာပါတယ်။ ဘတ္ထရီရှော့တိုက်တာဆိုရင်တော့ လင်းပိုင်တွေက အဲဒီလိုဖြစ်တတ်တယ် ဒဏ်ရာမပါဘူး မူးပြီးတော့ဆုံးသွားတယ် ပြီးတော့ ရေမြောလာတတ်တယ်။ အဆိပ်မိတယ်ဆိုရင်တော့ လျှာတွေမျက်လုံးတွေရဲပြီးတော့ သွေးကြောတွေပေါက်ပြီးသေတယ်။ အခုကတော့ အဲဒီအချက်တွေမရှိတော့ ဘတ္ထရီရှော့တိုက်တာဖြစ်ဖို့များတယ်လို့ သုံးသပ်ပါတယ်"ဟု ငါးလုပ်ငန်းဦးစီးဌာန အမြဲတန်းအတွင်းဝန် ဦးလှထွန်းက NSS ကိုပြောသည်။ 

အဆိုပါ လင်းပိုင်သည် ခန့်မှန်းအားဖြင့် အသက်(၈)နှစ်ခန့်ရှိနိုင်ပြီး သေဆုံးနေသည်မှာ ခြောက်ရက်ခန့်ရှိနေပြီဖြစ်ကြောင်း ဦးလှထွန်းက ဆက်လက်ပြောသည်။

ရေနေနို့တိုက်သတ္တဝါများဖြစ်သည့် ဧရာဝတီလင်းပိုင်များကို ၂၀၂၂ ခုနှစ်တွင် ကောက်ယူရရှိသည့် စာရင်းများအရ တစ်နိုင်ငံလုံးတွင် (၇၆)ကောင်ခန့်သာရှိကြောင်း သိရသည်။

လက်ရှိတွင် ငါးဖမ်းသမားအများစုသည် ဘတ္ထရီအသုံးပြု၍ ဝါယာကြိုးဖြင့် ရေထဲသို့လျှပ်စစ်လွှတ်ပြီး ငါးများကို ဓါတ်လိုက်စေသည့် နည်းဖြင့် ဖမ်းဆီးမှုများကို ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ တားဆီးမှုများ၊ အသိပေးမှုများ လုပ်ဆောင်နေသော်လည်း အချို့ငါးဖမ်းသမားများသည် လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်မှုများရှိနေကြောင်း သိရသည်။

"တချို့ကလည်း လစ်ရင်လစ်သလိုလုပ်တယ်။ လက်ရှိအချိန်တွေမှာတော့ ပိုဆိုးတာပေါ့။ လုံခြုံရေးအရလည်း safe မဖြစ်တော့ ပြန်ပြီးတော့ လုပ်လာကြပါတယ်။ ဧရာဝတီလင်းပိုင်ဆိုတာ ရှားပါးတော့ ကျွန်တော်တို့ဌာနကတော့ ဆက်ပြီးထိန်းနေပါတယ်။ ရှိတဲ့ဝန်ထမ်းရယ် နိုင်ငံတော်ကပေးတဲ့ဘတ်ဂျက်နဲ့ တတ်နိုင်သရွေ့တော့လုပ်နေပါတယ်။ အဓိကကတော့ သက်ဆိုင်ရာ ငါးဖမ်းသမားတွေက လိုက်နာဖို့ပဲလိုပါတယ်" ဟု ဦးလှထွန်းက အသိပေးပြောကြားထားသည်။

ဧရာဝတီလင်းပိုင်များသည် အများအားဖြင့် ဧရာဝတီမြစ်ကြောတစ်လျှောက်ရှိ အထက်ပိုင်းနေရာများဖြစ် သည့် မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် အများဆုံးနေထိုင်ကျက်စားကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားရေတပ်အနေနဲ့ နျူကလီးယားလက်နက်များ လက်ခံရရှိတော့မှာဖြစ်ကြောင်း ကင်ဂျုံအမ် ထုတ်ဖော်အသိပေး

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved