နယူးကာဆယ်အသင်းကို ထိုက်တန်စွာ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း လီဗာပူးလ်နည်းပြပြော
Pika (NSS) - သြဂုတ် ၂၈
နယူးကာဆယ်အသင်းကို (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးအသင်း၏ ကစားသမား(၁ဝ)ယောက်ဖြင့် အနိုင်ရရှိခဲ့သည့်နိုင်ပွဲမျိုးကို နည်းပြသက်တမ်းတစ်လျှောက် တစ်ခါမှ မတွေ့ကြုံခဲ့ဖူးကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဗင်ကလော့က ဝန်ခံပြောခဲ့သည်။
နယူးကာဆယ်အသင်း တောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်သည် ပွဲချိန်(၂၅)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်း နောက်တန်းကစားသမား ဗာဂျေးဗန်ဒိုက်သည် ပွဲချိန်(၂၈)မိနစ်တွင် အနီကတ်ပြခံရခဲ့ပြီးနောက် လီဗာပူးလ်အသင်းသည် (၁ဝ)ယောက် (၁၁)ယောက်ဖြင့် ဖိအားပေး ကစားခံခဲ့ရကြောင်း သိရသည်။ သို့သော်လည်း လီဗာပူးလ်အသင်းသည် ဒုတိယပိုင်းတွင် ပြန်လည်ခြေစွမ်းပြကစားလာနိုင်ခဲ့ပြီး တိုက်စစ်မှူးဒါဝင်နှူးနက်စ် သည် ပွဲချိန်(၈၁)မိနစ်နှင့် (၉၃)မိနစ်တို့တွင် ဂိုးများသွင်းယူနိုင်ခဲ့ပြီးနောက် (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်နည်းပြယာဗင်ကလော့ က "ကျွန်တော်နည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ ပွဲပေါင်း(၁ဝဝဝ)ကျော်မှာ ဒီလို ကစားပွဲမျိုးတစ်ခါမှ မကြုံခဲ့ဖူးပါဘူး၊၊ ဒါက အမှန်တရားပါ။ အခြားကစားပွဲတွေလည်း မြင်ဖူးပေမယ့် ဒီလိုမျိုး ကစားသမား(၁ဝ)ယောက်တည်းနဲ့ အကောင်းဆုံးကစားသွားတာမျိုးကို မတွေ့ဖူးပါဘူး၊၊ဒီလိုအခိုက်အတန့်တွေဟာ ရှားပါပြီး ထူးခြားတဲ့အခိုက်အတန့်တွေပါပဲ။ ဒီနေ့ နိုင်ပွဲက ထိုက်တန်တယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးလ်အသင်းကစားသမားတွေဟာ (၁ဝ)ယောက်တည်း နဲ့ နယူးကာဆယ်အသင်းကို အကောင်းဆုံးကစားပွဲ တစ်ခုပေးနိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
EV အားသွင်းရုံ သုံးစွဲမရသည့်အတွက် စားသုံးသူရေးရာဌာနသို့ တိုင်ကြားမှုရှိလာပြီး ဖြေရှင်းထားဟုဆို