Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
EV အားသွင်းရုံ သုံးစွဲမရသည့်အတွက် စားသုံးသူရေးရာဌာနသို့ တိုင်ကြားမှုရှိလာပြီး ဖြေရှင်းထားဟုဆို

NSS - ဩဂုတ် ၂၈

ရန်ကုန်မြို့မှလျှပ်စစ်သုံး EV ကား အသုံးပြုသူနှစ်ဦးမှ ဇီးရိုးမိုင်နှင့် (115) မိုင်ရှိ Charging Station များတွင် EV ကားအားသွင်းသည့် Charger(CCS2 Chargers) အသုံးပြုမရသဖြင့် စားသုံးသူရေးရာဦးစီးဌာန (DOCA)ကို တိုင်ကြားလာခြင်းကြောင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တိုင်ကြားသူ (၂) ဦးသည်ဇွန်လ(၃)ရက်တွင် ရန်ကုန်မှနေပြည်တော်သို့ MG ZS EV ကားဖြင့်လည်း ကောင်း၊ ဇွန်လ(၄)ရက်တွင် ရန်ကုန်မှ မန္တလေးသို့ MG4 EV ကားဖြင့်လည်းကောင်း အသီးသီးခရီးထွက်လာခဲ့ရာ လျှပ်စစ်ကားများဖြင့်ခရီးသွားရာတွင် အားသွင်းရန်အတွက် အဓိကမိုင်တိုင်များဖြစ်သည့် (0) မိုင်နှင့် (115) မိုင်တိုင်ရှိ Charging Station များတွင် EV ကားများဝင်ရောက်အားသွင်းရာ CCS2 Charger များသည် အသုံးပြု၍မရဘဲ ချို့ယွင်းနေသည့်အတွက် အမြန်ဆုံးစစ်ဆေးပြင်ဆင်ပေးပါရန် Email မှတဆင့်ဇွန်လ(၂၇)ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)က လျှပ်စစ်သုံးယာဉ်နှင့်ဆက် စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်၊ ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌထံသို့ သက်ဆိုင်ရာကုမ္ပဏီများသို့ အမြန်ပြင်ဆင်ပေးနိုင်ရေး ညွှန်ကြားပေးနိုင်ပါရန် တင်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုင်းကြားမှုအပေါ် စိစစ်ဆောင်ရွက်ရာ 0 မိုင်၊ ၁၁၅ မိုင်တိုင်ရှိ  Charger များတွင် MG ZS Model တံဆိပ်ကားများမှာ အားသွင်းမှုမရသည့် Software စနစ်ချိုယွင်းနေခြင်းဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီမှ နိုင်ငံခြားသားပညာရှင်များနှင့်ဆက်သွယ်၍ EV Chargers များ၏ Software များအား Upgrade ပြုလုပ်ပြီးဖြစ်သောကြောင့် MG ZS Model တံဆိပ်ကားများ အားသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုတပ်ဆင်ထားသော Charger များထက် အဆင့်မြင့်အမျိုးအစား ဖြစ်သည့် Autel Digital Power Co., Ltd မှ ထုတ်လုပ်သည့် Autel Brand 60 KW CCS2 Dual Gun Chargers (2 Units) နှင့် Autel Brand 120 KW CCS2 Dual Gun Charger (1 Units)များကို အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ အစားထိုးလဲလှယ်မည့် CCS2 Autel Chargers များအား တပ်ဆင်နိုင်ရန်မှာယူ တင်သွင်းမှုဆောင်ရွက်နေစဉ် ကာလအတွင်း ယခုအသုံးပြုနေသော CCS2  Chargers များနှင့် အားသွင်းမရသော ကားများရှိလာပါက အရေးပေါ် အားသွင်းပေးနိုင်ရန် CCS2 11 KW AC Level 2 Chargers များကို 0 မိုင်၊ ၁၁၅ မိုင်နှင့် ၂၀၁ မိုင်တိုရှိ Charging Station များတွင် တပ်ဆင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း အကြောင်းပြန်ကြားလာသည်ဟု အသိပေးထားသည်။

စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူများသို့ ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသိပေးရှင်းလင်းပြန်ကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

G20 အဖွဲ့တွင် ပါဝင်ရန်အတွက် အာဖရိကသမဂ္ဂကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ တိုက်တွန်းတောင်းဆို

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved