ယုဇနဥယျာဉ်မြို့တော်အိမ်ယာရှိ တိုက်ခန်းတစ်ခု၏ နောက်ဖေးဆောင်ဝရန်တာပြိုကျကာ သားအမိနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ
NSS - ဩဂုတ် ၂၆
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်ရှိ ယုဇနဥယျာဉ်မြို့တော်အိမ်ယာ၏ တိုက်ခန်းတစ်ခုနောက်ဖေးဆောင်ဝရန်တာ ပြိုကျမှုဖြစ်ပွါးခဲ့ရာ သားအမိနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းနောက်ဖေးဝရန်တာ အဆောင်ပြိုကျမှုဖြစ်စဉ်သည် ယုဇနဥယျာဉ်မြို့တော်၊(၁၂)လမ်း၊ A ဘလောက်ရှိ တိုက်အမှတ်(၆)တွင် ယနေ့ (ဩဂုတ်လ ၂၆ ရက်)၊ နံနက် (၉)နာရီက ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့မနက်ကိုးနာရီလောက်မှာဖြစ်သွားတာ။ ဖုန်းထွက်ပြောရင်း ဝရန်တာပြိုကျတာ။ အမြင့်က ဒုတိယထပ်ပေါ့။ ၁၂ နှစ်အရွယ်ကောင်လေးက ခြေထောက်ထိသွားတယ်။ အမေဖြစ်တဲ့သူက ခေါင်းထိသွားတယ်။ ကျောကုန်းလဲထိတယ်။ ဆေးရုံကို ပို့ထားတယ်”ဟု ယုဇနဥယာဉ်မြို့တော်ရှိ လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပြောသည်။
ယုဇနဥယာဉ်မြို့တော်ရှိ A ဘလောက်၊ B ဘလောက်၊ C ဘလောက်မှ တိုက်ခန်းများသည် လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က တည်ဆောက်ထားသော တိုက်ခန်းများဖြစ်ပြီး လက်ရှိအချိန်အထိ လူအများနေထိုင်နေဆဲဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Wagner ခေါင်းဆောင်ပရီဂိုဇင် သေဆုံးမှုနှင့်ပတ်သက်ပြီး ဘီလာရုစ်သမ္မတပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း