Wagner ခေါင်းဆောင်ပရီဂိုဇင် သေဆုံးမှုနှင့်ပတ်သက်ပြီး ဘီလာရုစ်သမ္မတပြော
Pika (NSS) - ဩဂုတ် ၂၆
ရုရှားကြေးစားတပ်ဖွဲ့ Wagner ခေါင်းဆောင်ပရီဂိုဇင်နှင့် စစ်ဦးစီးချုပ် Dmitry Utkin တို့ကို ၎င်းတို့၏ အသက်အန္တရာယ်အတွက် ခြိမ်းခြောက်မှုများရှိလာနိုင်ခြင်းကြောင့် သတိထားနေကြရန် ယခင်က သတိပေးခဲ့ဖူးကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက ထုတ်ဖော်ပြောဆိုခဲ့သည်။
ပရီဂိုဇင်နှင့် Dmitry Utkin တို့ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သော်လည်း Wagner အဖွဲ့ကြေးစားစစ်သားများသည် ဘီလာရုစ်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်သည် ပြီးခဲ့သည့်ဇွန်လအတွင်း ပုန်ကန်မှုများကို လုပ်ဆောင်ခဲ့ပြီး ရုရှားသမ္မတပူတင်က အဆိုပါပုန်ကန်မှုကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း ပုန်ကန်မှုဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာတွင် ရုရှားသမ္မတပူတင်နှင့် ပရီဂိုဇင်တို့ကြား သဘောတူညီမှုရရှိခဲ့ပြီး ၎င်းအပါအဝင် ၎င်း၏ကြေးစားတပ်ဖွဲ့ဝင်အချို့ကို ဘီလာရုစ်နိုင်ငံတွင် သွားရောက်နေထိုင်ခွင့်ပြုခဲ့ကြောင်းသိရသည်။
ပရီဂိုဇင်သည် ၎င်း၏အသက်အန္တရာယ်အတွက် ဖြစ်ပေါ်လာနိုင်သော ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး သတိပေးမှုများကို နှစ်ကြိမ်တိုင်တိုင် ငြင်းဆိုခဲ့ကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုကပြောကြားခဲ့သည်။
လူကာရှန်ကိုက"ပရီဂိုဇင်နဲ့ Dmitry Utkin တို့ဟာ Wagner ကြေးစားတပ်ဖွဲ့ တည်ထောင်သူတွေဖြစ်ပါတယ်။ သူတို့က ကျွန်တော်နဲ့တွေ့ဆုံဖို့ လေယာဉ်နဲ့ လာခဲ့တာပါ။ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာနိုင်တဲ့အတွက် သတိထားနေကြဖို့ သူတို့ကို သတိပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့စီးလာတဲ့ လေယာဉ်က ပျက်ကျခဲ့ပါတယ်။" ဟုပြောဆိုခဲ့သည်။
အဆိုပါလေယာဉ်ပျက်ကျမှုသည် ရုရှားသမ္မတပူတင်နှင့် မသက်ဆိုင်ကြောင်း လူကာရှန်ကိုကထပ်မံပြောဆိုခဲ့သည်။ ၎င်းက"ကျွန်တော် ပူတင်အကြောင်းကိုသိပါတယ်။ သူဟာ အေးဆေးတည်ငြိမ်တဲ့ ခေါင်းဆောင်တစ်ဦးပါ။ ဒီကိစ္စက ပူတင်ကကြံစည်လုပ်ဆောင်ခဲ့တယ်ဆိုတာကို ကျွန်တော်တွေးတောင် တွေးလို့မရပါဘူး။"ဟုပြောဆိုခဲ့သည်။
ရုရှားအစိုးရသည် ပရီဂိုဇင်၏သေဆုံးမှုကို အတည်ပြုရန် ငြင်းဆိုထားပြီး ပရီဂိုဇင်ကို လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်ဆိုသည့် အနောက်အုပ်စုနိုင်ငံများ၏ စွပ်စွဲချက်များမှာ လိမ်ညာမှုတစ်ခုသာဖြစ် ကြောင်း ပြောဆိုခဲ့သည်။
ဘီလာရုစ်သမ္မတလူကာရှန်ကိုက "Wagerကြေးစားစစ်သားတွေဟာ ဘီလာရုစ်နိုင်ငံမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။ Wager တပ်ဖွဲ့ဝင်တွေနဲ့ ရှေ့လျှောက်လက်တွဲသွားဦးမှာပါ"ဟုပြောဆိုခဲ့သည်။
ရုရှားကြေးစားတပ်ဖွဲ့ Wagner ခေါင်းဆောင်ပရီဂိုဇင်နှင့် စစ်ဦးစီးချုပ် Dmitry Utkinတို့ လိုက်ပါသွားသည့် လေယာဉ်သည် ဩဂုတ်လ(၂၃)ရက်က ပျက်ကျခဲ့ကာ လေယာဉ်ပေါ်ပါလူ(၁၀)ဦးလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်း နည်းပြသစ်ပိုချက်တီနိုဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ