Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကန့်ဘလူမြို့နယ်၌ (၅)လောင်းပြိုင် လူသတ်မှုဖြစ်ပွားပြီး နှစ်ပတ်နီးပါးအကြာတွင် အမျိုးသမီးများအပါအဝင်(၅)ဦး ဓါးဖြင့် ထပ်မံခုတ်သတ်ခံခဲ့ရ

NSS - သြဂုတ် ၂၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ (၅)လောင်းပြိုင် လူသတ်မှုဖြစ်ပွားပြီး နှစ်ပတ်နီးပါးအကြာတွင် အမျိုးသမီးများအပါအဝင် (၅)ဦး ဓါးဖြင့် ထပ်မံခုတ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။


ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာရှိ အမျိုးသမီး(၃)ဦးနှင့် အမျိုးသား(၂)ဦး စုစုပေါင်း(၅)ဦးသည် ယမန်နေ့(သြဂုတ်လ ၂၅ ရက်)၊ ည ၈ နာရီခွဲအချိန်တွင် လက်နက်ကိုင်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ငါးမြောင်ကျေးရွာအတွင်းသို့ အင်အား(၁၀၀)နီးပါးခန့်ရှိသော လက်နက်ကိုင်အုပ်စု ဝင်ရောက်လာပြီးနောက်ပိုင်းတွင် အထက်ပါလူ(၅)ဦးအား သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာဒေသခံတစ်ဦးက NSS ကို ပြောသည်။

“မနေ့က ည ၈ နာရီခွဲလောက်မှာ (၅)ယောက်ကို သတ်သွားတာ။ လင်မယားနှစ်ယောက်က တစ်တွဲ၊ ပြီးတော့ နောက်ထပ် (၃)ယောက်က တစ်အိမ်စီမှာ သတ်သွားတာ။ သတ်သွားတာက တကယ့်ကို ရုပ်ပျက်ဆင်းပျက်ကို ဖြစ်လို့။ အမျိုးသမီးတွေဆိုလို့ရှိရင် မျက်နှာတောင် မမှတ်မိဘူး။ ဓါးနဲ့ခုတ်သတ်ထားတာ” ဟု ငါးမြောင်ကျေးရွာခံက ဆက်လက်ပြောသည်။

ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် ဒေါ်ခင်စန်းဝင်း (၅၅)နှစ်၊ ဒေါ်သန်းငွေ (၅၅)နှစ်၊ မကြိုင် (၄၆)နှစ်၊ ဦးသန်းဝင်း (၆၅)နှစ် နှင့် ဦးကျော်အေး (၆၅)နှစ်တို့သည် နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဒီဘက်တွေမှာ အဲဒီလိုမျိုး လူသတ်မှုတွေက မကြာခဏဆိုသလိုဖြစ်နေတာ။ အေးအေးဆေးဆေးနေချင်တဲ့ လူတွေအတွက်တော့ ဘယ်လိုမှ မလုံခြုံပါဘူး။ ဘယ်သူမှလည်း ထိထိရောက်ရောက်အကာအကွယ်မပေးပါဘူး။ ပစ်တာ၊ ခတ်တာတွေဆိုရင် မကြာမကြာ ဖြစ်တယ်။ တော်တော်လည်း စိတ်ကုန်နေပါပြီ။ အေးအေးချမ်းချမ်းလည်း ရှိစေချင်ပါပြီ” ဟု ကန့်ဘလူမြို့ခံတစ်ဦးကလည်း NSS ကို မှတ်ချက်ပြုထားသည်။

ပြီးခဲ့သော သြဂုတ်လ ၁၃ ရက်တွင်လည်း ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း၌ မိသားစုဝင်(၅)ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရဖူးသည်။

၎င်းမိသားစုဝင်(၅)ဦးသည် မျက်နှာအား အဝတ်စည်းကာ လက်ပြန်ကြိုးတုပ်ပြီးနောက် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ကန့်ဘလူမြို့နယ်အတွင်း၌ (၅)လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး (၁၂)ရက်ခန့်အကြာတွင် လူ(၅)ဦး ထပ်မံအကြမ်းဖက်သတ်ဖြတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော် တာဝန်ရရှိယူထားသည့် နစကအစိုးရအနေဖြင့် အထက်ပါကဲ့သို့ သတ်ဖြတ်မှုများ ဖြစ်ပွားနေမှုအပေါ် ထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်း မရှိသကဲ့သို့ အကြမ်းဖက်သမားများအနေဖြင့်လည်း လက်နက်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုးစွပ်စွဲကာ သတ်ဖြတ်လျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယုဇနဥယျာဉ်မြို့တော်အိမ်ယာရှိ တိုက်ခန်းတစ်ခု၏ နောက်ဖေးဆောင်ဝရန်တာပြိုကျကာ သားအမိနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved