တစ်ရက်အတွင်း သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုကြောင့် တနင်္သာရီတိုင်းရှိ ဒေသခံ(၂)ဦး သေဆုံး
NSS - ဩဂုတ် ၂၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် တစ်ရက်အတွင်း အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၁ ရက်၊ နံနက် ၆နာရီ ၁၅မိနစ် နှင့် နံနက် ၁၁နာရီတို့တွင် တနင်္သာရီမြို့နယ်၊ ထုံနွယ်ကျေးရွာ နှင့် ရှေ့မော်တုန်းကျေးရွာတို့တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ထုံနွယ်ကျေးရွာတွင်နေထိုင်သည့် ထုံနွယ်အခြေခံပညာ မူလတန်းကျောင်းမှ အထွေထွေလုပ်သားဖြစ်သူ ဒေါ်သိန်းရီ(၅၅)နှစ်သည် ၎င်း၏အိမ်၌ရှိနေစဉ် PDF အဖွဲ့ အင်အား(၃)ဦးက ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
အလားတူ အရှေ့မော်ကုန်းကျေးရွာတွင်နေထိုင်သည့် ဦးအောင်ကိုဝင်း(ခ)ဒူတိ(၄၂)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အဖွဲ့ အင်အား(၅)ဦးက ရောက်ရှိလာပြီး "ဒလန်"ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နေအိမ်အသီးသီတွင်ရှိနေကြသည့် ဒေါ်သိန်းရီနှင့် ဦးအောင်ကိုဝင်း(ခ)ဒူတိတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖတ်သမားများအား ဖော်ထုတ်ဖမ်းဆီ၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့အသစ်နဲ့ ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်မယ်လို့ အမေရိကန်အစိုးရပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း