Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့အသစ်နဲ့ ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်မယ်လို့ အမေရိကန်အစိုးရပြော

ဂျန်ဇက် (NSS) - သြဂုတ် ၂၄ 

ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ဖြူထိုင်းပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆာရက်သာတာဗီဆင်ကို ခန့်အပ်ခံရခြင်းအပေါ် ဂုဏ်ယူကြောင်း၊ ထိုင်းနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေ နောက်ထပ်တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က "ကျွန်တော်တို့ဟာ ထိုင်းဝန်ကြီးချုပ်အသစ်နဲ့ အလုပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ပစ်မှတ်ထားနေတယ်။ ပြီးခဲ့တဲ့နှစ်မှာ ထိုင်းနဲ့ အမေရိကန်နိုင်ငံကြား မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် တည်ဆောက်နိုင်ခဲ့တယ်။ ထိုင်းနဲ့ အမေရိကန်နိုင်ငံကြား မဟာမိတ်ဖြစ်မှုတွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားမှာပါ။ အင်ဒိုပိဖိတ်ဒေသမှာ ငြိမ်းချမ်းရေး၊ အပြန်အလှန်ဆက်သွယ်မှုကောင်းမွန်ရေး၊ လွတ်လပ်ပွင့်လင်းမှု နဲ့ တန်ဖိုးတွေကို မျှဝေတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ထိုင်းအစိုးရအဖွဲ့အသစ် နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာပါ" လို့ပြောပါတယ်။


အမေရိကန် နဲ့ ထိုင်းနိုင်ငံကြားမိတ်ဖက်ဖြစ်မှုဟာ ကမ္ဘာနိုင်ငံတွေထဲမှာ သက်တမ်း ၁၉ဝ ကျော်ရှိနေကြောင်း သိရပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်နဲ့ ထိုင်းတို့ဟာ မိတ်ဆွေအဖြစ်နဲ့ရော မဟာမိတ်အဖြစ်နဲ့ပါ အတူတကွ ပူးပေါင်းလုပ်ဆောင်မှာပါ။ ဒေသအတွင်း လုံခြုံရေးပိုမိုကောင်းမွန်စေဖို့ နဲ့ အပြန်အလှန်ဖွံ့ဖြိုးတိုးတက်ရေးကောင်းမွန်စေဖို့ လုပ်ဆောင်သွားမယ်။ နှစ်နိုင်ငံကြား ပြည်သူအချင်းချင်းကြား ရင်းနှီးမှုများ ပိုမိုရရှိအောင် နဲ့  ကမ္ဘာကျန်းမာရေးနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေကိုလည်း ပူးပေါင်းဆောင်ရွက်သွားမယ်" လို့ ပြောပါတယ်။


ထိုင်းအိမ်ခြံမြေ ဘီလျံနာ ဆာရက်သာတာဗီဆင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲတဲ့ ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲ ၄၈၂ မဲရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကာ ထိုင်းဘုရင့်နန်းတော်က သြဂုတ် ၂၄ ရက်နေ့မှာ ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပါတယ်။ 

ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ဆာရက်သာတာဗီဆင် ခန့်အပ်ခံရခြင်းအပေါ် ဗြိတိန်အစိုးရနဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ တို့ကလည်း ချီးကျူးဂုဏ်ယူကြောင်း စာများ ရေးသားပေးပို့ခဲ့ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အုပ်စုပွဲစဉ်ပထမနေ့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်(၂)ပွဲလုံး၌ မြန်မာ့လက်ရွေးစင် U-12 အသင်းရှုံးနိမ့်

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved